နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ ရက်ပြောင်းလဲကျင်းပမည်

ရန်ကုန်  စက်တင်ဘာ ၁၆

မြန်မာ့လက်ရွေးစင်အသင်း ၏ ဖီဖာနိုင်ငံတကာခြေစမ်းပွဲစဉ် များကြောင့်၂၀၂၂ မြန်မာနေရှင် နယ်လိဂ် Week-12, Week-13 ပွဲစဉ်များကို ရက်ပြောင်းလဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က သတင်း ထုတ်ပြန်ထားသည်။

Myanmar National League 2022 Week -12 နှင့် Week-13 ပွဲစဉ်များကို အောက်တိုဘာသို့ ရက်ပြောင်း ရွှေ့ကျင်းပရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာ နေရှင်နယ်လိဂ်တာဝန်ရှိသူများ နှင့် ကလပ်အသင်းတာဝန်ရှိသူ များတက်ရောက်ခဲ့သည့်ညှိနှိုင်း အစည်းအဝေးတွင် ပြိုင်ပွဲဝင် ကလပ်အသင်းများ၏ သဘော တူညီမှုအရ  ပွဲစဉ်များရွှေ့ဆိုင်း ကျင်းပရန်  သဘောတူညီခဲ့ခြင်း ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အသင်း အတွက် ကစားသမားရွေးချယ် ခြင်းမခံရသည့် မဟာယူနိုက် တက်၊ ဂျီအက်ဖ်အေအစရှိသည့် အသင်းများ၏ ပွဲစဉ်များကိုမူ နိုင်ငံတကာခြေစမ်းပွဲကာလ အတွင်း ဆက်လက်ကျင်းပသွား မည်ဖြစ်ပါသည်။ 

ထို့ကြောင့် Week-12 ပွဲစဉ်မှ မဟာယူနိုက်တက်နှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ပွဲစဉ်အား မူလပွဲစဉ်ရေးဆွဲထားသည့်အတိုင်း စက်တင်ဘာ ၁၉ ရက်တွင်လည်း ကောင်း၊ Week-13 ပွဲစဉ်မှမဟာ ယူနိုက်တက်နှင့် ဂျီအက်ဖ်အေ အသင်းတို့ပွဲစဉ်ကို  မူလရေးဆွဲ သတ်မှတ်ထားသည့်စက်တင်ဘာ ၂၉ ရက်အစား စက်တင်ဘာ ၂၄ ရက်သို့လည်းကောင်းပြောင်းလဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                          AKO






အခြားဆက်စပ်သတင်းများ