နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးလူငယ်အဖြစ် အမေရိကန် ဆယ်ကျော်သက် ဂင်းနစ်မှတ်တမ်းဝင်

ဝါရှင်တန်၊ စက်တင်ဘာ ၁၇ 

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်တွင် နေထိုင်သည့် Isaac Johnson ဆိုသူ ဆယ်ကျော်သက် လူငယ်တစ်ဦးသည် ကမ္ဘာ့ ပါးစပ်အကျယ်ဆုံး လူသားအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။ 

ယင်း၏ ပါးစပ်သည် ဟထားလိုက်ပါက အပေါ်သွား၏ ထိပ်ဖျားနှင့် အောက် သွား၏ ထိပ်ဖျားကြားတွင် ၁၀ ဒသမ ၁၉၆ စင်တီမီတာ(၄ ဒသမ ၀၁၄လက်မ)ကျယ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 ယင်း၏ ပါးစပ်အတွင်းသို့ အရွယ်ရောက်ပြီးလူတစ်ယောက်၏ လက်သီး သို့မဟုတ် လိမ္မော်သီးအကြီး တစ်လုံး သို့မဟုတ် မက်ဒေါ်နယ် ၄ လွှာ ဟမ်ဘာဂါ တစ်ခုကို အသာအယာပင် သွင်းနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။

 Issac Johnson သည် အသက် ၁၄ နှစ်ပြည့်သည့် ၂၀၁၉ ခုနှစ် ဧပြီလ ကတည်းကစ၍ ပါးစပ်အကျယ် ၉ ဒသမ ၃၄ စင်တီမီတာ(၃ ဒသမ ၆၇လက်မ)ဖြင့် စံချိန်ချိုးခဲ့သူဖြစ်ပြီး ယခုမူ အဆိုပါစံချိန်ကို ကိုယ်တိုင်ပင် ကျော်လွှားကာ ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးလူသားအဖြစ် စံချိန် ထပ်မံ တင်နိုင်ခဲ့ခြင်း ဖြစ်သည်။                                                                                   

(ref: BBC)






အခြားဆက်စပ်သတင်းများ