နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်မီးသွေးကုမ္မဏီများ ဈေးနှုန်းထိန်းထားရန် တရုတ် သတိပေး

ပေကျင်း၊ စက်တင်ဘာ ၁၇ 

Bohai ပင်လယ်အော်ဒေသရှိ ဆိပ် ကမ်းများ၌ လုပ်ငန်းလည်ပတ် နေသော ကျောက်မီးသွေး ကုမ္ပဏီများ သည် ဆောင်းတွင်းဝယ်လိုအား အများ ဆုံးကာလမတိုင်မီ ဈေးနှုန်းတည်ငြိမ် နေစေရန် ရေရှည်စာချုပ်များကို လိုက် နာရမည်ဖြစ်ကြောင်းတရုတ် စီးပွားရေး စီမံကိန်းဌာနက စက်တင်ဘာ ၁၆ ရက် က သတိပေး ပြောကြားလိုက်သည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးကော်မရှင် (NDRC) သည် မကြာမီက လောင်စာဈေးနှုန်း မြင့်တက်မှုများကြောင့် Qinghuan- gdao, Tangshan နှင့် Cangzhou မြို့များရှိကျောက်မီးသွေး ကုမ္ပဏီများ ကို စုံစမ်းစစ်ဆေးပြီးနောက် ယခုကဲ့ သို့ သတိပေး ကြေညာချက်ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။ 

NDRC သည် ကုမ္ပဏီများအား ကျောက်မီးသွေးအတွက် ချုပ်ဆိုထား သော ကာလလတ်နှင့် နှစ်ရှည်စာချုပ် များကို လေးစားလိုက်နာရန် နှင့် yin - yang စာချုပ်များ အသုံးပြုခြင်း ကို တားမြစ်ထားကြောင်း အထူးသတိပေး ထားသည်။ 

ying - yang စာချုပ်ဆိုသည်မှာ ကုမ္ပဏီများသည် ကျောက်မီးသွေး အတွက် နိုင်ငံတော်၏ စျေးနှုန်း လမ်း ညွှန်ချက်များနှင့်အညီ ချုပ်ဆိုထား သည့် စာချုပ်အား အစိုးရထံတင်ပြစဉ် အခြားတစ်ဖက်မှ လမ်းညွှန်ချက်ထက် ဈေးနှုန်းပိုမြင့်မားသော ဒုတိယစာချုပ် ကို ချုပ်ဆိုသည့် အမျိုးအစား ဖြစ်သည်။

  (ref: AFP)






အခြားဆက်စပ်သတင်းများ