နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နှင့် သဲဂုဏ်ကျေးရွာကြား၊ မိုင်တိုင်အမှတ် (၂၂/၂၃)အနီး၊ အာလံဗိုလ်ကျေးရွာအဖြတ်လမ်းတွင် ယာဉ်တိမ်းမှောက်

ဇွန် ၁၀


 ဇွန်လ ၈ ရက်နေ့ ၁၄၂၅ အချိန်ခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နှင့် သဲဂုဏ်ကျေးရွာကြား၊ မိုင်တိုင်အမှတ် (၂၂/၂၃)အနီး၊ အာလံဗိုလ်ကျေးရွာဖြတ်လမ်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ယာဉ်မောင်းကိုသက် မောင်းနှင်လာသော 1B----- TOYOTA DYNA ၆ ဘီးယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်း၏ဝဲဘက်သို့ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟိုပင်နယ်မြေမီးသတ်စခန်းနှင့် နန်းမားနယ် မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂ စီးဖြင့်  ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ 


 ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၈ ဦးတို့တွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး  အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား လူမှုကူညီရေးယာဉ်နှင့် မိုးညှင်း ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ကိုသက်အား ဟိုပင်နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ