နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုင်းတုံ-တာချီလိတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၇၆၈)နှင့် (၇၆၉)အကြားယာဉ်တိုက်မှုနှင့် မိတ္ထီလာ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၁၃/၆)နှင့် (၃၁၃/၇)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ကျိုင်းတုံ ဇွန် ၁၀


ဇွန် ၈ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာအနီး၊ ကျိုင်းတုံ-တာချီလိတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၆၈)နှင့် (၇၆၉)အကြားတွင် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ ဦးညီလင်းမြတ် မောင်းနှင် လာသော 7P----- Suzuki Ciaz ယာဉ်နှင့် တာချီလိတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့  ဦးခိုင်ထူး မောင်းနှင်လာသော N---- Lifan ၆ ဘီး မြေသယ်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး Suzuki Ciaz ယာဉ်မောင်းမှာ ကားအတွင်းညပ်နေကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရာ နေ့လယ် ၃ နာရီခွဲအချိန်တွင် ကားအတွင်းညပ်မိနေသူအား ကယ်ထုတ်နိုင်ခဲ့ပြီး Suzuki Ciaz ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါအဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ယာဉ်မောင်း ညီလင်းမြတ်အား ယာဉ်(ပ) ၂၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။


အလားတူ ဇွန် ၈ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၁၃/၆)နှင့် (၃၁၃/၇)ကြား၌ ဦးအောင်သွင်စိုး မောင်းနှင်လာသော MDY/1D----- VOXY ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိကာ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ 


 ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးအောင်သွင်စိုးအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ