နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒုံမြို့စက်သုံးဆီဆိုင်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မုဒုံ   ဩဂုတ်  ၁၈


မွန်ပြည်နယ်  မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသို လှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့  မွန်းလွဲပိုင်းက မြို့နယ်      စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အဖွဲ့များ ကွင်းဆင်းစစ်ဆေးကြသည်။


ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အဖွဲ့သုံး ဖွဲ့ခွဲကာ မြို့နယ်အတွင်းရှိ  စက်သုံးဆီအရောင်းဆိုင် ၁၈ ဆိုင်နှင့် စက်သုံးဆီလှောင်ကန်များကို သတ်မှတ်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ စက်သုံးဆီရောင်းဝယ်ရာတွင် အခြင်အတွယ်/ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီလှောင်ကန်များတွင် သိုလှောင်ထားရှိပြီး ဈေးနှုန်းကစားမှု မရှိစေရေး၊ စနစ်တကျရောင်း ဝယ်မှုနှင့် စက်သုံးဆီ အရောင်းဆိုင် / လှောင်ကန်များတွင် မီးဘေး အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်း ဆင်းစစ်ဆေးကြောင်း သိရသည်။

သားငယ် (မုဒုံ)






အခြားဆက်စပ်သတင်းများ