နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ဘိုကလေး ဩဂုတ် ၁၈


ငါးရိက္ခာ ဖူလုံမှုရှိစေရေး၊ ငါးသယံဇာတ ပေါများ ကြွယ်ဝစေရေးနှင့် အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ကြေးတိုင် အင်းသားကြီးများက ယမန်နေ့က  ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနနှင့်  ပူးပေါင်းကာ ဘိုကလေးမြစ်ရေပြင်၊ ဘိုကလေး-ရန်ကုန်-မော်ကျွန်း သုံးဂွဆိုင် မြစ်ဝနှင့် ကြေးတိုင်အင်းများအတွင်းသို့  ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ကျင်းပသည်။


အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌဦးကံဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ နှစ် ရှည်အငှား ဂရမ်(ကြေးတိုင်) စိစစ်ရေး ကော်မတီအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့ များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများနှင့်ကြေးတိုင်အင်း သားကြီးများ ၊ စုစုပေါင်း အင်အား ၇၀ ဦး ခန့် တက်ရောက်ကြပြီး သုံးလက်မအရွယ် ငါးတန်ငါးမျိုး ကောင်ရေ ၇၅၀,၆၈၀ ကောင်ကို စိုက်ထည့်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)






အခြားဆက်စပ်သတင်းများ