နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲလျှောက်လွှာများ သြဂုတ် ၂၀ တွင် အွန်လိုင်းက ပြန်လက်ခံမည်

ရန်ကုန်၊   ဩဂုတ်  ၁၈


လျှောက်ထားသူဦးရေ အဆ မတန် များပြားခြင်းကြောင့် လျှောက်လွှာအရောင်း ခေတ္တ ရပ်နားထားခဲ့သည့် ဂျပန် JLPT စာမေးပွဲဖြေဆိုခွင့်လျှောက်ထား မှုကို လာမည့် ဩဂုတ် ၂၀ ရက်က စပြီး အွန်လိုင်းစနစ်ဖြင့်ပြန်လည် လက်ခံမည်ဖြစ်ကြောင်း စာမေး ပွဲကျင်းပရေးကော်မတီက သိရ သည်။


အဆိုပါ စာမေးပွဲလျှောက်လွှာ များကို ဩဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိ အွန်လိုင်းက လျှောက်လွှာလက်ခံမည်ဖြစ်ပြီး ပထမဆုံးရက်တွင် N-1 အဆင့် ဖြေဆိုခွင့်ကို စတင်လက်ခံမည် ဖြစ်ကြောင်း၊ အခြားအဆင့်များ အတွက် အွန်လိုင်းလျှောက်လွှာ လက်ခံမည့်ရက်ကို ဩဂုတ် ၁၉ ရက်တွင် ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း စာမေးပွဲကျင်းပရေး ကော်မတီက အသိပေးထား သည်။


ယခုနှစ်တွင် JLPT စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားမှုကို အွန်လိုင်းစနစ်ဖြင့် ပထမဆုံး အကြိမ်စတင်လက်ခံခြင်းဖြစ်ပြီး လျှောက်ထားသူများပြားပါက နည်းပညာချို့ယွင်းခြင်းမျိုးရှိ နိုင်ကြောင်းလည်း ကြိုတင် အသိပေးထားသည်။


JLPT စာမေးပွဲ လျှောက်လွှာ များကို ဩဂုတ်လဆန်းပိုင်းက ရန်ကုန်နှင့်မန္တလေးတွင် လူ ကိုယ်တိုင်ထုတ်ယူခွင့်ပြုခဲ့ရာ လျှောက်ထားသူများပြားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းကြောင့် လျှောက်လွှာရောင်းချမှုရပ်ထား ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ