နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းနျူကလီးယားစက်ရုံအနီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား

ကီယက်ဗ်၊ သြဂုတ် ၁၅


ယူကရိန်းနိုင်ငံတွင် ရုရှားသိမ်း ပိုက်ထားသည့် Zaporizhzhia နျူကလီ ယား ဓါတ်အားပေးစက်ရုံအနီးတင်းမာမှု များ ဆက်လက် ပေါ်ပေါက်နေပြီးရုရှား တပ်များက ဒုံးကျည်များနှင့် အဆက် မပြတ် တိုက်ခိုက်နေခြင်း ကြောင့် နျူကလီယား မတော်တဆမှု အန္တရာယ်ရှိ လာနိုင်ကြောင်း ယူကရိန်းအာဏာပိုင် များက သတိပေးလျက် ရှိသည်။


ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန် စကီးကမူ အဆိုပါ နျူကလီယားစက်ရုံကို တိုက်ခိုက်သည့် ရုရှားတပ်ဖွဲ့ သို့မဟုတ် အဆိုပါစက်ရုံကို အကာအကွယ်ယူပြီး ပစ်ခတ်သည့် အဖွဲ့များကို ပစ်မှတ်ထား ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ဆိုသည်။


လက်နက်ကြီးပစ်ခတ်မှုအတွင်း နိုက်ထရိုဂျင် အောက်စီဂျင်သိုလှောင် ရုံ၊ အညစ်အကြေးစုပ်သည့် စနစ်အပြင် အသုံးပြုပြီးသား နျူကလီယားလောင်စာ ချောင်းများ သိုလှောင်ရုံအနီးတဝိုက် ရှိ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်အာရုံခံ ကိရိယာသုံးခုပျက်စီးသွားကြောင်း သိရ သည်။


ထို့ပြင် စက်ရုံအပြင်ရှိ မီးသတ်ရုံ လည်း ပစ်ခတ်ခံရပြီး ဓာတ်အားပို့စက်ကို ထိမှန်သွားခြင်းကြောင့် တစ်နိုင်ငံလုံး ၏ ဓာတ်အားပေး စနစ်ကို ထိခိုက်နိုင် ကြောင်း တာ၀န်ရှိသူများက ပြောသည်။


နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင် စီ IAEA အကြီးအကဲကမူ ယင်းတိုက်ခိုက် မှုများကို ရပ်ဆိုင်းမှုမရှိခြင်းသို့မဟုတ် စုံစမ်းစစ်ဆေး သူများကို ဝင်ရောက် ကြည့်ရှုခွင့်မပေးခြင်းတို့ ပြုလုပ်ပါက နျူကလီယားကပ်ဘေးနှင့် ရင်ဆိုင် ရနိုင် ကြောင်း သတိပေးထားသည်။

 (ref: AFP)






အခြားဆက်စပ်သတင်းများ