နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကျင်းပ

ရန်ကုန်၊  ဩဂုတ်  ၁၄


၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဂျူဒိုပြိုင်ပွဲကို  ဝဏ္ဏသိဒ္ဓိအားကစား ရုံ (A) ၌  ယမန်နေ့က ဆက်လက်ကျင်းပ သည်။


ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား -၄၀ ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များ ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုအား   ရန်ကုန်တိုင်းဒေသကြီး အသင်းက မောင်မင်းမြတ်ဦး၊ ဒုတိယဆု အား ကချင်ပြည်နယ်အသင်းက ဂျူနီယာ ခေါင်လွမ်း၊ တတိယဆုအား ရှမ်းပြည်နယ် အသင်းက  မောင်ဉာဏ်လင်းထက်နှင့် ပူးတွဲတတိယဆုအား ဧရာဝတီတိုင်းဒေသ ကြီးအသင်းက မောင်ပြည့်စွမ်းကိုတို့က လည်းကောင်း၊ အမျိုးသား-၄၅ ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြ ပြီး ဗိုလ်လုပွဲ ပွဲစဉ်များကိုဆက်လက်ယှဉ် ပြိုင်ကစားခဲ့ကြရာ ပထမဆုအား ကချင် ပြည်နယ်အသင်းက မောင်အောင်ကို၊ ဒုတိယဆုအား   ရန်ကုန်တိုင်းဒေသကြီး အသင်းက မောင်ဝင်းသိန်းထွန်း၊ တတိယ ဆုအား   ရှမ်းပြည်နယ်အသင်းက မောင် အလင်းရောင်နှင့် ပူးတွဲတတိယဆုအား ဧရာဝတီတိုင်းဒေသကြီးအသင်းက မောင်သက်ပိုင်ကိုတို့က အသီးသီးအနိုင် ရရှိဆွတ်ခူးသွားသည်။


ဆက်လက်၍ အမျိုးသား- ၅၀ ကီလို တန်း ရှုံးထွက်ပြိုင်ပွဲများကို  ယှဉ်ပြိုင်ကစား ခဲ့ကြပြီး  ဗိုလ်လုပွဲ ပွဲစဉ်များကိုဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ    ပထမဆုကို  ရန်ကုန် တိုင်းဒေသကြီးအသင်းက  မောင်ခိုင်စိုးသူ၊   ဒုတိယဆုအား ကချင်ပြည်နယ်အသင်း က    မောင်ကျော်ဝင်းထွဋ်၊  တတိယဆု အား         ရခိုင်ပြည်နယ်အသင်းက မောင်စိုးမိုးကျော်နှင့်      ပူးတွဲတတိယဆု ကို ဧရာဝတီတိုင်းဒေသကြီးအသင်းက မောင်တိုးတက်အောင်တို့က   လည်း ကောင်း၊ အမျိုးသမီး-၃၆ ကီလိုတန်း ဗိုလ် လုပွဲ ပွဲစဉ်များအားယှဉ်ပြိုင်ကစားခဲ့ကြရာ      ပထမဆုအား တနင်္သာရီတိုင်းဒေသကြီး  အသင်းက  မဇင်မာနွေး၊ ဒုတိယဆုအား ကချင်ပြည်နယ်အသင်းက မခင်ခင်ထွေး၊ တတိယဆုအား        မွန်ပြည်နယ်အသင်းက မယမင်းရူပါမွန်နှင့်  ပူးတွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းက မဖြိုးသက်ခိုင်တို့က   လည်းကောင်း၊ အမျိုးသမီး-၃၉ ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များကို     ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုအား ကချင်ပြည်နယ်အသင်း က မအိအိသဇင်ဇော်၊  ဒုတိယဆုအား တနင်္သာရီတိုင်းဒေသကြီးအသင်းက မမေသဉ္ဇာဦး၊ တတိယဆုအား မန္တလေး တိုင်းဒေသကြီးက မနန်းပပဇင်နှင့် ပူး တွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီး က မခင်သူသူလင်းတို့က လည်းကောင်း၊ အမျိုးသမီး-၄၂ ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမ ဆုအား ကချင်ပြည်နယ်က မဆောင်ယုံ၊ ဒုတိယဆုအား ဧရာဝတီတိုင်းဒေသကြီး က မထက်ထက်လင်း၊ တတိယဆုအား ရခိုင်ပြည်နယ်က မဇင်ဇင်ဇော်နှင့် ပူးတွဲ တတိယဆုအား မန္တလေးတိုင်းဒေသကြီး က မနှင်းဝေဦးတို့ကလည်းကောင်းအသီး သီး ဆွတ်ခူးသွားသည်။                 

AKO






အခြားဆက်စပ်သတင်းများ