နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Interop Tokyo ၂၀၂၀ အခမ်းအနားတွင် Huawei က ဆုရှစ်ဆုကို ရရှိ

ဇွန် ၁၀


COVID-19 ကပ်ရောဂါက ကြိုတင်တွက်ဆမထားနိုင်သည့် အပြောင်းအလဲများကို လုပ်ငန်းနယ်ပယ်အသီးသီးသို့ ယူဆောင်လာခဲ့သော်လည်း ICT လုပ်ငန်းနယ်ပယ်၏ အမြန်အဆန် ဖွံ့ဖြိုးတိုးတက်လာမှုကို မဟန့်တားနိုင်ပေ။ ယင်းအချက်ပေါ် မူတည်၍ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ICT ပြပွဲအခမ်းအနားဖြစ်သော Interop Tokyo 2020 ကျင်းပရေး ကော်မတီက “ Best of Show Awards  ရရှိသူများကို ကြေညာခဲ့သည်။ Huawei ၏ ဆန်းသစ်သည့် ထုတ်ကုန်နှင့် ဖြေရှင်းမှုနည်းလမ်း (solutions) များက ဆု ရှစ်ဆု ရရှိခဲ့ပြီး ယင်းတို့တွင် အထူးဆု ငါးဆု ပါဝင်သည်။


Huawei က Interop Tokyo 2020 တွင်   ကွန်ရက်အခြေခံအဆောက်အအုံဆိုင်ရာ အထူးဆု - OptiXtrans OSN 9800 M12 ၊ လုပ်ငန်းနယ်ပယ်အတွက် ပထမဦးဆုံး super C-band ထုတ်လွှင့်မှု ထုတ်ကုန်၊  Cloud အခြေခံ အဆောက်အအုံဆိုင်ရာ အထူးဆု - CloudEngine 16800 data center switch ၊ AI ခေတ် data centers များအတွက် လုပ်ငန်းနယ်ပယ်အတွင်း desnisty အမြင်မားဆုံး 400 GE line card၊   Server နှင့် အချက်အလက်သို လှောင်မှုဆိုင်ရာ အထူးဆု - Huawei ၏ မျိုးဆက်သစ် all-flash storage OceanStor Dorado 8000/18000 V6၊ ယင်းကို ဗဟိုထုတ်လုပ်ရေးနှင့် အချက်အလက် လွှဲပြောင်းရေးများအတွက် အလေးပေးဖန်တီးထားပြီး လုပ်ငန်းစွမ်း ဆောင်နိုင်မှု၊ အားထားနိုင်မှုနှင့် ဉာဏ်ရည်မြင့် ဆောင်ရွက်မှုများတွင် စံနှုန်းများနှင့် တသမတ်တည်း ညီညွတ်စွာ အဆက်မပြတ် ဆောင်ရွက်နိုင်ခြင်း၊   IoT ဆိုင်ရာ အထူးဆု -  Huawei edge computing gateway AR502H၊   Facility ဝန်ဆောင်မှုဆိုင်ရာ အထူးဆု - eMIMO edge computing facility ဝန်ဆောင်မှုဆိုင်ရာ ဖြေရှင်းမှုနည်းလမ်း၊   AI ကဏ္ဍတွင် လုပ်ငန်းနယ်ပယ်ကို ဦးဆောင်လျက် ရှိသည့် Atlas 900 AI cluster က ဆုရရှိသည့် တစ်ခုတည်းသော AIထုတ်ကုန် ၊   Enterprise IT ဆိုင်ရာ ဂုဏ်ပြုဆု - Huawei 5G AR NetEngine AR 6000၊  ကွန်ရက်အခြေခံအဆောက်အအုံဆိုင်ရာ ဂုဏ်ပြုဆု - Huawei OptiXtrans DC908 ၊ ဉာဏ်ရည်မြင့် Data Center Interconnect (DCI) ထုတ်ကုန်ဖြစ်ပြီး ဖိုက်ဘာစွမ်းဆောင်နိုင်မှု 88 Tbit/s နှင့် AI ဖြင့် လုပ်ငန်း လည်ပတ်ထိန်းသိမ်းနိုင်စွမ်း (O&M) တို့ ပါဝင်သည်။


ယခု ၂၀၂၀ ပြည့်နှစ်နှင့် ယခင်နှစ်များက Interop Tokyo တွင် Huawei ရရှိသည့်ဆုများက Huawei ၏ ဆန်းသစ် တီထွင်မှုနှင့် အရည်အသွေးကို လုပ်ငန်းနယ်ပယ်က အသိအမှတ်ပြုမှုကို ဖော်ပြနေပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးတွင် ယင်း၏ မဟာဗျူဟာကျကျ ရေရှည် ရင်းနှီးမြုပ်နှံ့မှုကိုလည်း ထင်ဟပ်လျက်ရှိသည်။  ယခုကဲ့သို့ လုပ်ဖော်ကိုင်ဖက် များနှင့် သုံးစွဲသူများ၏ တညီတညွတ်တည်း အသိအမှတ်ပြုမှုက Huawei ၏ ဆက်လက်ကြိုးစားအားထုတ်နေမှု အတွက် နောက်ခံတွန်းအားအဖြစ် ဆက်လက်ပံ့ပိုးလျက်ရှိသည်။  သုတေသနနှင့် ဖွံ့ဖြိုးရေးတွင် ရေရှည်ဆက်လက် ရင်းနှီးမြုပ်နှံပြီး အဓိက နည်းပညာဆန်းသစ်မှုများမှတဆင့် သုံးစွဲသူများကို ပိုမို ပြိုင်ဆိုင်နိုင်စွမ်းမြင့်မားသော၊ ဆန်းသစ် ထူးကဲသော ICT ထုတ်ကုန်များနှင့် ဖြေရှင်းမှုနည်းလမ်းများကို ပေးသွားရန် Huawei က ကတိကဝတ်ပြု ထားသည်။


ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် Interop Tokyo 2020 က လုပ်ငန်းခွင် လက်တွေ့သရုပ်ပြမှုများကို မကျင်းပ တော့ဘဲ အွန်လိုင်းသရုပ်ပြမှုများနှင့် ICT ဆုရွေးချယ်ချီးမြင့်မှုများကိုသာ ဧပြီလ ၁၃ မှ ဇွန်လ ၃၀ အထိ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ICT လုပ်ငန်းနယ်ပယ်အတွင်း အဆန်းသစ်ဆုံးသော နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် လုပ်ထုံးများကို ပြသခဲ့ပြီး AI၊ IoT၊ edge computing နှင့် လုပ်ငန်းသုံးအင်တာနက် စသည့် နယ်ပယ်အသီးသီးမှ ထိပ်တန်း ဖြေရှင်းမှုနည်းလမ်းများကိုလည်း စုစည်းပြသခဲ့သည်။ ရလဒ်အနေဖြင့် Interop Tokyo က ICT လုပ်ငန်း နယ်ပယ်နှင့် ပြင်ပကမ္ဘာကြီးအတွက် အသစ်သစ်သော အသက်ဝင်ရှင်သန်မှုများ၊ နည်းပညာအပေါ် ယုံကြည်မှုများကို ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။


မိတ်ဖက်များနှင့် “ကူးလူးယှက်ဖြာ၍  ပူးပေါင်းဆောင်ရွက်မှုရှိပြီး အပြန်အလှန်အကျိုးရှိစေမည့်” ပူးပေါင်းဆောင်ရွက် မှုကို ဖော်ပြသည့် အနေဖြင့် Huawei ကလည်း ဉာဏ်ရည်မြင့် ဒီဂျစ်တယ် ဂေဟစနစ်သစ်၊ ထုတ်ကုန်နှင့် ဖြေရှင်းမှု နည်းလမ်းပေါင်း ၁၄ ခု ပါဝင်သည့် အသုံးပြုနိုင်မှု အခြေအနေအထားကို ပြသခဲ့သည်။ ယင်း နောက်ဆုံးပေါ် ထုတ်လုပ် တင်ဆက်မှုများက ICT နယ်ပယ်အတွင်း ဒီဂျစ်တယ်နှင့် ဉာဏ်ရည်မြင့်တိုးတက်မှုများကို အရှိန်အဟုန်မြှင့်တင်ပေး နိုင်သည့် Huawei ၏ စွမ်းဆောင်နိုင်စွမ်းကို ဖော်ပြလျက် ရှိသည်။


ICT နည်းပညာသစ်များ၊ ဂေဟစနစ်များတွင် အစဉ်တစိုက် ရင်းနှီးမြုပ်နှံမှုများ၊ များပြားလာသည့် ကမ္ဘာအနှံ့ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အတွေ့အကြုံများကြောင့် Huawei ကို ယုံကြည်အားထားသည့် လုပ်ငန်းနယ်ပယ်ကို ဦးဆောင်လျက်ရှိသော enterprise လုပ်ငန်းအရေအတွက်မှာ တိုးများ လာလျက်ရှိသည်။ လက်ရှိအချိန်တွင် မြို့တော်ပေါင်း ၇၀၀ ကျော်၊ ထိပ်တန်း ၁၀၀ စာရင်းဝင် ကုမ္ပဏီ ၅၈ ခုအပါအဝင် Fortune Global 500 ကုမ္ပဏီများအနက်မှ ကုမ္ပဏီပေါင်း ၂၂၈ ခုတို့က Huawei ကို ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး မိတ်ဖက်အဖြစ် ရွေးချယ်ထားကြသည်။


(WP)






အခြားဆက်စပ်သတင်းများ