နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ColorOS 7 (Android 10) Official Version အသုံးပြုနိုင်ပြီဖြစ်သော OPPO ဖုန်းများ ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံများသို့ စတင်ရောက်ရှိ

ဇွန် ၁၀


ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် တစ်ခုဖြစ်သော OPPO မှ Android 10 ကို အခြေခံထားသော ColorOS 7 System ၏ Official Version ကို မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။


ဧပြီလမှ စ၍ OPPO အသုံးပြုသူများထံ ရောက်ရှိလာသော ColorOS 7 ၏ Official Version ကို ယခုအခါ Reno၊ Find၊ A Series စသည့် OPPO စမတ်ဖုန်း (၂၀) ကျော်တွင် Batch အလိုက် အချိန်ဇယားအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။


၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်မိတ်ဆက်ခဲ့သော ColorOS 7 သည် ကမ္ဘာတစ်ဝန်းရှိ OPPO အသုံးပြုသူများ၏ ကောင်းမွန်သော မှတ်ချက်ကောင်းများ ရရှိလျက်ရှိသည်။ အဆင်ပြေချောမွေ့ကာ ကြည်နူးပျော်ရွှင်ဖွယ် အတွေ့အကြုံများပေးနိုင်သော Android 10 ကို အခြေခံထားသည့် Mobile Operating System တွင်  ဆန်းသစ်လှပသော ဒီဇိုင်းအသစ်၊ ပိုမိုလျင်မြန်ပြီး ချောမွေ့သော Performance၊ အဆင့်မြှင့်ထားသော Privacy Protection နှင့် အတူ Soloop၊ Focus Mode၊ လက်ချောင်း သုံးချောင်းနှင့် Screenshot ရိုက်ကူးနိုင်သော စနစ်စသည့် Features အသစ်များလည်း ပါဝင်သည်။


OPPO ColorOS ၏ Senior Principal Engineer ဖြစ်သူ Mr.Manoj Kumar  က “ ColorOS အဖွဲ့က တင်းကြပ်တဲ့ အရည်အသွေးလိုအပ်ချက်တွေကို လိုက်နာဖြည့်ဆည်းခဲ့ပြီး အသုံးပြုသူတွေရဲ့ မှတ်ချက်တွေကို သေချာလေ့လာခဲ့ပါတယ်။ Official Version မထွက်ခင်မှာ ကမ္ဘာအနှံ့စစ်ဆေးစမ်းသပ်သူ ၉၂,ဝ၀ဝ ၏ သုံးသပ်ချက်နှင့် အတွေ့အကြုံ Bugs များကို စစ်ဆေးပြီးတော့ အစမ်း Version ကနေ ပြန်လည်စစ်ဆေး သုံးသပ်မှုတွေကို ထောင်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။


ColorOS သည် နိုင်ငံပေါင်း ၁၄၀ တွင် သုံးစွဲသူ သန်းပေါင်း ၃၅၀ ကျော်ရှိနေပြီး ဘာသာစကားပေါင်း ၈၀ ကျော်ကို ပံ့ပိုးပေးထားသည်။ ဝန်ထမ်း ၂၅၀ ကျော် ရှိသော အိန္ဒိယနိုင်ငံ၊ ဟိုင်ဒါဘတ်မြို့တွင် ရှိသော OPPO R&D Center သည် ColorOS 7 တီထွင်မှုနှင့် ထုတ်လုပ်မှုတွင် အရေးပါသော နေရာမှ ပါဝင်နေသည်။ R&D အဖွဲ့မှ  ColorOS 7 အစမ်း Version မှ စမ်းသပ်သူတို့၏ တုံ့ပြန်မှုများကို အလေးထားစဉ်းစားကာ သုံးစွဲသူတို့ လိုအပ်တောင်းဆိုသော အချက်များကို တရားဝင်ထုတ်ဝေမှုတွင်ပါဝင်အောင် ထည့်သွင်းထားကြောင်း သိရသည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ