နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ တိုင်းရင်းသားပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်၊  ဇူလိုင် ၂၂


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များသို့ တိုင်းရင်းသားပုံပြပုံပြင် စာအုပ်များ  ပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးရုံး၌ကျင်းပ သည်။


အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇော်အေး မောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေး မှူးရုံးက အရာထမ်း၊ အမှုထမ်း များနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များ တက် ရောက်ကြသည်။


အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် စုပေါင်းနေထိုင်ကြသည့် အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် လွန်စွာအရေး ကြီးကြောင်း၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတည် ဆောက်ရာတွင် အပြန်အလှန် ယုံကြည်မှု၊ ချစ်ခင်လေးစားမှု များရှိရန် လိုအပ်ကြောင်း၊ ယနေ့ခွဲဝေပေးမည့် တိုင်းရင်း သားဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် ထုတ်ဝေထား သည့်    ပုံပြပုံပြင်စာအုပ်များ သည်   ကျောင်းနေအရွယ်  တိုင်းရင်းသား ကလေးငယ်များ အကြား ပျံ့နှံ့ရောက်ရှိခြင်း ဖြင့်အပြန် အလှန်ယုံကြည် မှု၊ ချစ်ကြည် လေးစားမှုများကို ကျောင်းနေအရွယ် ကလေးဘဝ ကတည်းက အုတ်မြစ်ချပေးနိုင် မည်ဖြစ်ကြောင်း၊  တိုင်းရင်းသား ကလေးငယ်များအနေဖြင့်ယခု ခွဲဝေပေးမည့် ပုံပြပုံပြင်စာအုပ် များကိုဖတ်ရှုခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ မိမိတို့၏ စာပေ၊ ဘာသာကို ပိုမို မြတ်နိုးတန်ဖိုးထားတတ်လာ ပြီး သင်ယူလိုသူ များပြားလာ ကာ၊ မူလတန်းစာပေသင်ကြား ရာတွင်လည်းများစွာအထောက် အကူဖြစ်မည်ဖြစ်ကြောင်း၊ယနေ့ ပေးအပ်ပွဲတွင် တိုင်းရင်းသား လူမျိုး ၁၁ မျိုးအတွက် ပုံပြပုံပြင်စာအုပ် ၁၀၁ မျိုး ကို အုပ်ရေစုစုပေါင်း ၆၆၇၂၆ အုပ်ခန့် ခွဲဝေပေးအပ်သွား မည်ဖြစ်ပြီး တိုင်းရင်းသား စာပေယဉ်ကျေးမှုအသင်းများ အနေဖြင့်လည်း တိုင်းရင်းသား ကလေးငယ်များထံ ဆက်လက် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးက၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင် TA/LT ဆရာ၊ ဆရာမများ ခန့်ထားရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာကိစ္စ ရပ်များ၊အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် တိုင်းရင်း သားများ တက်ရောက်နိုင်ရေးကိစ္စရပ်များနှင့်တိုင်းရင်းသားအရေး ဆောင်ရွက်နေမှု      အခြေအနေများကို ဆွေးနွေး ပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီး နှင့်ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့ သည် ခေါင်စို(ချင်း)၊ ဥ(ပ်)ပူး(ချင်း)၊ မွန်၊ ရခိုင်၊ မြို၊ ဇိုတုန်(ချင်း)စာပေနှင့်ယဉ်ကျေး မှုအသင်းအဖွဲ့များနှင့်ဟွာလ်ငို (ချင်း)၊ တအာင်း (ပလောင်)၊ ကရင်၊ ရှမ်းတိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ ထံ ပုံပြပုံပြင်စာအုပ်များ ခွဲဝေ ပေးအပ်သည်။ 


ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာန က ပုံနှိပ်ထုတ်ဝေထားသည့် ပုံပြပုံပြင်စာအုပ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ် ကြိမ်၊ ၂၀၂၀–၂၀၂၁ ပညာသင်နှစ် တွင် တစ်ကြိမ်နှင့် ယခု ၂၀၂၂- ၂၃ ပညာသင်နှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်အတွင်း ပုံပြပုံပြင်စာအုပ် ၁၉၆၈၃၉ အုပ် ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                        သတင်းစဉ်






အခြားဆက်စပ်သတင်းများ