နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မတ်ပဲနှင့် ပဲစင်းငုံနီဈေး ပြန်မြင့်

ရန်ကုန်၊ ဇူလိုင် ၂၂


ဒေါ်လာဈေး မြင့်တက်လာ မှုကြောင့် မတ်ပဲနှင့် ပဲစင်းငုံနီ ဈေးက ပြန်လည်မြင့်တက်လာ​ ကြောင်း ဧရာကုန်သွယ်မှုဗဟို ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့က သတင်းထုတ်ပြန် ထားသည်။


ပဲတီစိမ်းက အနည်းငယ် ပြန်လည်ကျဆင်းသွားပြီးကြက် သွန်နီဈေးများ ဈေးပြန်တက်လာ ကာ အာလူးဈေးများ ပြန်လည် ကျဆင်းသွားသည်။


ရန်ကုန် ဘုရင့်နောင်ကုန် စည်ဒိုင်တွင် မတ်ပဲ(FAQ/RC) တစ်တင်းလျှင်  ၅၃၇၀၀ ကျပ်၊ မတ်ပဲ (SQ/RC)  တစ်တင်းလျှင်    ၆၁၂၅၅ ကျပ်၊ ပဲစင်းငုံနီတစ်တင်း လျှင်  ၄၇၉၀၀ ကျပ်၊ ပဲတီစိမ်း  တစ်ပိဿာလျှင်   ၂၁၅၀ ကျပ်မှ ၂၇၅၀ ကျပ်ထိရှိနေပြီး ပြောင်း ဆန်တစ်ပိဿာလျှင်   ၈၅၀ ကျပ်မှ ၈၇၀ ကျပ်၊ ကြက်သွန်နီ  တစ်ပိဿာလျှင်   ၁၃၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ ထန်းလျက်  တစ်ပိဿာလျှင်  ၂၁၇၅ ကျပ်မှ ၂၇၀၀ ကျပ်၊ ငရုတ်ဆင်ဖြူကျွန်း တစ်ပိဿာလျှင်  ၇၅၀၀ကျပ်မှ ၉၀၀၀ ကျပ်၊ အာလူး  တစ်ပိဿာ လျှင် ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ် ရှိကြောင်း သိရသည်။

CN-015






အခြားဆက်စပ်သတင်းများ