နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နှင့် ပျဉ်းမနားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကျိုင်းတုံ ဇွန် ၉


ဇွန် ၇ ရက်၊ နံနက်  ၁၀ နာရီ ၁၅ မိနစ်အချိန်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆောက်လုပ်ရေးယန္တရား အိမ်ရာဝန်းနေ ပြည့်ဖြိုးမြတ်၏နေအိမ်ကို ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ပြည့်ဖြိုးမြတ် (၂၁)နှစ်အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဇွန် ၇ ရက်၊ ည ၁၂ နာရီခွဲအချိန် တာချီလိတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နတ်စင်အနီးတွင် စိုးလှဦး၊ နိုင်လင်း(ခ)ကုလားလေး၊ မစုစုလှိုင်နှင့် ဟိန်းထက်စိုးစံ(ခ) ကိုးထပ်တို့အားတွေ့ရှိ၍ စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၃ ပြား၊ ဆေးခြောက် ၀ ဒသမ ၀၆ ကီလိုတို့ကိုလည်းကောင်း၊ ဆက်လက်၍  နိုင်လင်း(ခ)ကုလားလေး နေထိုင်သည့် တာချီလိတ်မြို့၊ ပါဆပ် ရပ်ကွက်၊ ကွင်းအမှတ်(၂၄)ရှိ တဲကိုရှာဖွေရာ အိပ်ရာခေါင်းအုံးဘေး သံဘူးအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၂၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စိုးလှဦး(၃၆)နှစ်၊  ဟိန်းထက်စိုးစံ(ခ) ကိုးထပ်(၂၉)နှစ်၊ နိုင်လင်း(ခ)ကုလားလေး(၃၂)နှစ်၊ စုစုလှိုင်(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဇွန် ၇ ရက်၊ ည ၁၂ နာရီခွဲအချိန် ရွာကောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ နှင်းဆီလမ်းထောင့်တွင် မော်တော်ဆိုင်ကယ်နှင့်အတူတွေ့ရှိသူ ဟန်ထက်ဇော်(ခ) အိုဇိုက် အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၇၇ ပြား၊ အိုက်စ် သုည ဒသမ ၀၃ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဟန်ထက်ဇော်(ခ) အိုဇိုက်(၂၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ