နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လည်ဘူးမြို့နယ်၌ WY စိတ်ကြွဆေးပြားများဖမ်းမိ

ပင်လည်ဘူး ဧပြီ ၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့ရဲစခန်းတောင်ဘက်တစ်ဖာလုံခန့်အကွာ မိုးကောင်းရပ်ကွက်တွင် WY စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့သည်။ ဖြစ်စဉ်မှာ ဧပြီ ၂ ရက်၊ နံနက် ၁ဝ နာရီခွဲတွင် ပင်လည်ဘူးမြို့မရဲစခန်း မှဒုရဲအုပ်နှင့်အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက် ပြည်သူ့ဆေးရုံလမ်းပေါ်တွင် တွေ့ရသူ အောင်စိုး(ခ)စိုးဝင်းအား မသင်္ကာ၍ခေါ်ယူစစ်ဆေးရာ ယင်းဝတ်ဆင်ထားသော ပုဆိုးခါးပုံစအတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသောအထုပ်တစ်ထုပ်အားပစ်ချထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးရာ ဖမ်းဆီးရမိသည်နှင့် ပစ်ချခဲ့သောအထုပ်အားသက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားပြီး အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၆ဝ ကိုရှာဖွေတွေ့ရှိရပြီး ယင်းဝတ်ဆင်ထားသော အင်္ကျီဝဲဘက်အိတ်ကပ် အတွင်းမှ မြန်မာငွေ ကျပ် ၁၃၂ဝဝ တို့အား တွေ့ရှိသောကြောင့် အရေးယူပေးပါရန် ဒုရဲအုပ်မြင့်သန်းက တရားလိုပြုတိုင်တန်းသောကြောင့် ပင်လည်ဘူးမြို့မရဲစခန်းမှ တရားခံအား မူးယစ်ဆေးဝါးဥပဒေအရ အရေး ယူထားကြောင်း သိရသည်။ ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ