နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းဆတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

မိုင်းဆတ် ဇွန် ၈


 ဇွန် ၆ ရက်၊ မွန်းတည့် ၁၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ ပူနားကိုကျေးရွာနေ အားစေ(ခ)အားဆူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၄ ဒသမ ၉၅ ကီလို၊ ကက်တမင်း ၁၀ ဒသမ ၅ ကီလို၊ ၁၂ ဗို့ ကျည် သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ ထိုင်းဘတ်ငွေ ၂ သိန်း၊ ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ရသဖြင့် အားစေ(ခ)အားဆူ(၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


အလားတူ ဇွန် ၆ ရက်၊ နံနက် ၁၀ နာရီခွဲအချိန် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီ(၂)လမ်းတွင်တွေ့ရှိသူ စိုင်းရွှေနှင့် မနန်းရှန်နွန်း တို့အားစစ်ဆေးရာ ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉,၈၇၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲအချိန် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီ(၂)လမ်းနေ ဖေသန်းအောင်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ယင်းအားတွေ့ရှိဖမ်းဆီးရမိပြီး နေအိမ်နှင့်ခြံဝင်းအတွင်းတို့မှ မြန်မာငွေ ၆၀၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်းတစ်လုံး၊ NISSAN Navara အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကိုလည်းကောင်း ဆက်လက်၍ ဖေသန်းအောင်၏ နေအိမ်ရှေ့ အလိုတော်ပြည့်(၂)လမ်းသွယ်တွင်တွေ့ရှိသူ အောင်နိုင်စိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရွှေ(၄၅)နှစ်၊ မနန်းရှန်နွန်း(၂၇)နှစ်၊ အောင်နိုင်စိုး(၃၀)နှစ်၊ ဖေသန်းအောင်(၅၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ