နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငလျင်ဘေးကာကွယ်ရန် လေ့ကျင့်မှု ၁၅ ကြိမ်ပြုလုပ်ထား

ရန်ကုန်၊ ဇွန် ၂၂


ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနက ကြီးမှူးပြီး ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။


ထိုသို့ ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ရာတွင် အဓိက လုပ်ငန်းတစ်ခုအနေဖြင့် ဇာတ် တိုက်လေ့ကျင့်မှုများကို သက် ဆိုင်ရာအစိုးရဌာနများနှင့် လူမှု အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ၊ ရန်ကုန် တိုင်း ဒေသကြီးအတွင်း မြို့နယ် ပေါင်း ၁၂ ခု၌ ငလျင်ဘေး အန္တရာယ်အတွက် ဇာတ် တိုက် လေ့ကျင့်မှုပေါင်း ၁၅ ကြိမ် ခန့်အထိ ပြုလုပ်ထားပြီဖြစ် သည်။


ငလျင်ဘေးအန္တရာယ် ကျ ရောက်လာပါက အချိန်နှင့်တစ် ပြေးညီ လုပ်ဆောင်ရမည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ကို လက်တွေ့ကျကျ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။


ဇာတ်တိုက်လေ့ကျင့်မှုများ ကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ စာသင်ကျောင်းများ၊ လူနေတိုက်ခန်းအိမ်ရာများတွင် ဆောင်ရွက်ကြပြီးငလျင် လှုပ် ခတ်မှု ဖြစ်ပွားပါက ပြိုကျနိုင် သော အဆောက်အအုံများ၊ တာဝါတိုင်များ၊ ဓာတ်တိုင်များ၊ သစ်ပင်ကြီးများနှင့် ကင်းဝေးရာ ကွင်းပြင်ကျယ်များသို့ အမြန် ဆုံးတိမ်းရှောင်နည်း၊ ထိခိုက် ဒဏ်ရာရသူများကိုကူညီ ကယ် ဆယ်ကာဘေးလွတ် ရာသို့ အမြန်ဆုံးပြောင်းရွှေ့နည်းများ ကို ဇာတ်တိုက် လေ့ကျင့်ကြ သည်။


ထို့အပြင် ရုတ်တရက် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားသော အခါ မိမိအားထိခိုက်မှုမရှိ စေရန်ချက်ချင်း ဆောင်ရွက်ရ မည့် ကိစ္စရပ်များ၊ ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက် ၍ ဗဟုသုတဖြစ်ဖွယ်ရာများ ကို လည်း ပြည်သူများနားလည် သဘောပေါက်စေရန် အသိ ပညာပေး လုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း၊ ဒဏ်ရာ ရသူများအား ကူညီကယ်ဆယ် ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်း များအတွက် လိုအပ်သော ပစ္စည်းကိရိယာများ၊ မော်တော် ယာဉ်များကိုလည်း အဆင့်သင့် ပြင်ဆင်ထားရှိသလို သက်ဆိုင် ရာ အစိုးရဌာနများနှင့် လူမှု ကူညီရေးအဖွဲ့များအကြား ကြို တင်ညှိနှိုင်းကာ ချိတ်ဆက်ထား ကြောင်း သိရသည်။   (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ