နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးဂိမ်းပြိုင်ပွဲတွင်ရိုးရာခြင်းလုံးကို ထည့်သွင်းရန်စီစဉ်

ရန်ကုန် ဇွန် ၂၁


၂၀၁၉ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ သော အရှေ့တောင် အာရှအား ကစားပြိုင်ပွဲများတွင် ပါဝင် ခြင်းမရှိသော ရိုးရာခြင်းလုံး အားကစားနည်းကို ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ် မည့် ၃၂ ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပ နိုင်ရေးအတွက် စည်းရုံးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။


၃၂ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ရိုးရာခြင်းလုံး အား ကစားနည်း ထည့်သွင်းကျင်းပ နိုင်ရေးအတွက် ထိုင်း၊ ကမ္ဘော ဒီးယားနှင့် လာအိုစသည့်နိုင်ငံ များကို အဓိကထားစည်းရုံးသွား မည်ဖြစ်ကြောင်း၊ ရှေးဦးစွာ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ ချုပ်နှင့်မြန်မာနိုင်ငံ ပိုက်ကျော် ခြင်းအဖွဲ့ချုပ်ကတာဝန်ရှိသူ များသည် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်အိမ်ရှင် နိုင်ငံဖြစ်သော ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်ကာစည်း ရုံးဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။ 


ကမ္ဘောဒီးယား နိုင်ငံအနေ ဖြင့် ၂၀၁၅ ခုနှစ်၊ ၂၈ ကြိမ် မြောက် စင်ကာပူဆီးဂိမ်းတွင် ရိုးရာခြင်းလုံး အားကစားနည်း၌ ဆုရရှိခဲ့သည့်အတွက် ၎င်းနိုင်ငံ တွင် ကျင်းပပြုလုပ်မည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင် ရိုးရာခြင်းလုံးအားကစား နည်းကို ထည့်သွင်းကျင်းပရန် စိတ်ဝင်စားမှုရှိကြောင်း သိရ သည်။


အလားတူ ရိုးရာခြင်းလုံး အားကစားနည်းနှင့် နီးစပ်မှုရှိ သော ထိုင်းနှင့် လာအိုနိုင်ငံတို့ တွင် သွားရောက်၍ ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင်  ရိုးရာခြင်းလုံးအားကစား နည်း ထည့်သွင်းကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ အား ကစားအဖွဲ့ချုပ်များက တာဝန် ရှိသူများနှင့်ဆွေးနွေး ညှိနှိုင်းမှု များ ဆောင်ရွက်သွားမည်ဖြစ် သည်။


မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပခဲ့သော ၂၀၁၃ ခုနှစ် ၂၇ ကြိမ်မြောက် ဆီး ဂိမ်းပြိုင်ပွဲ၊ ၂၀၁၅ ခုနှစ် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်း နှင့် ၂၀၁၇ ခုနှစ် ၂၉ ကြိမ် မြောက် မလေးရှားဆီးဂိမ်းများ တွင် ရိုးရာခြင်းလုံး အားကစား နည်းပါဝင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဖိလစ် ပိုင် ဆီးဂိမ်းနှင့် ၂၀၂၂ ခုနှစ် ၃၁ ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲများတွင် ပါဝင်ခဲ့ ခြင်းမရှိကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ