နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဘဏ် အတိုးနှုန်းမြှင့်၍ ရေနံစိမ်းဈေးကျ

ဝါရှင်တန်၊  ဇွန် ၂၁


အမေရိကန်အပါအဝင် အဓိကဗဟို ဘဏ်များ၏ အတိုးနှုန်းများ မြှင့်တင် လိုက်ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးသည် ဇွန် ၂၀ ရက်တွင် တစ်စည်လျှင် ခြောက်ရာ ခိုင်နှုန်းကျော် ကျဆင်းသွားသည်။


နယူးယောက် မာကန်တိုင်းလ် အိတ် ချိန်းတွင် လာမည့် ဇူလိုင်အတွက်ရေနံ စိမ်း အနာဂတ်စျေးနှုန်းသည်တစ်စည် လျှင်အမေရိကန် ဒေါ်လာ ၁၀၉ ဒသမ ၅၆ နှင့် စျေးပိတ်ခဲ့ပြီး ၆ ဒသမ ၈၃ ရာခိုင်နှုန်း ကျဆင်းလျက်ရှိကာ ယင်း သည် မေ ၁၂ ရက်နောက်ပိုင်း အနိမ့် ဆုံးဈေးဖြစ်သည့်အပြင် ခုနစ်ပတ်ဆက် တိုက်မြင့်တက်နေသည့် ရေနံစျေးလမ်း ကြောင်းကို အဆုံးသတ်လိုက်ခြင်းဖြစ် သည်။


အမေရိကန် ဗဟိုဘဏ်၏အတိုး နှုန်းမြင့်တက်ခြင်းနှင့် အခြားဗဟိုဘဏ် များ၏ အတိုးနှုန်းမြှင့်တင်ရေး ကြေညာ ချက်များသည် စျေးကွက်စီးပွားရေးနှေးကွေးခြင်းနှင့် ဆီစားသုံးမှုဝယ်လိုအား ကျဆင်းခြင်းများအတွက် စိုးရိမ်ပူပန် စေကြောင်း စျေးကွက်လေ့လာ သူအချို့ ကထောက်ပြသည်။


ထို့ပြင် တစ်ချိန်တည်းတွင် ရုရှား၏ ရေနံတင်ပို့မှု တိုးမြင့်လာခြင်း၊ ယခု သီတင်းပတ်အတွင်း မြောက်အမေရိက ရေနံထုတ်လုပ်မှု တိုးမြင့်လာခြင်းစသည့် အချက်များကလည်း နိုင်ငံတကာရေနံ စျေးနှုန်းများကို သိသာစွာ ကျဆင်းသွား စေခြင်း ဖြစ်သည်။         

(ref: Reuters)






အခြားဆက်စပ်သတင်းများ