နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မတ်ပဲနှင့် ပဲစင်းငုံနီ ဈေးပြန်လည်ကျဆင်းလာ

ရန်ကုန် ဇွန် ၂၁


မတ်ပဲနှင့် ပဲစင်းငုံနီဈေးများ ဈေးကွက်အတွင်း ဈေး ပြန်ကျ ဆင်းလာကြောင်း သိရသည်။ ပဲကြီး၊ စားတော်ပဲ၊ ထော ပတ်ပဲနှင့် အခြားပဲမာ အချို့ဈေး အနည်းငယ် ပြန်တက်လာ သကဲ့ သို့ နှမ်းဈေးများလည်းထပ် တက်လာသည်။ 


ကြက်သွန်နီဈေးကယမန် နေ့တွင် ပြန်ကျဆင်း သွား သော် လည်းကြက်သွန်ဖြူ ဈေးက ပြန်လည်တက်လာကြောင်းသိရ သည်။ 


ရန်ကုန်ဘုရင့်နောင် ဈေး ကွက်တွင် မတ်ပဲ တစ်တင်း လျှင် ၅၁၈၃၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းလျှင် ၄၅၀၃၀ကျပ်၊ ပဲတီစိမ်း တစ်ပိဿာ လျှင် ၂၁၁၅ ကျပ်မှ ၂၇၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာလျှင် ၄၇၅၀ ကျပ်မှ ၅၃၃၅ ကျပ်၊ ပဲလွန်းဖြူ (မြစ်ဝ) တစ်ပိဿာ လျှင် ၂၀၃၀ ကျပ်မှ ၂၀၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာလျှင် ၁၉၁၅ ကျပ်မှ ၂၀၀၀ ကျပ်၊ကြက် သွန်နီ တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ ကြက် သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ် ပိဿာလျှင် ၂၃၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ 


မန္တလေးဈေးကွက်တွင် လည်း နှမ်းနက်(စမုံ) သစ်တစ် အိတ်လျှင် ၂၂၀၀၀၀ ကျပ် မှ ၂၃၅၀၀၀ ကျပ်၊ နှမ်းဖြူ တစ် အိတ် လျှင် ၁၉၅၀၀၀ ကျပ်မှ ၂၀၂၀၀၀၀ ကျပ်၊ ပန်းနှမ်းတစ် အိတ်ကို ၁၂၀၀၀၀ ကျပ်၊ ပဲကြီး တစ်အိတ်ကို ၁၈၅၀၀၀ ကျပ်မှ ၂၁၅၀၀၀ ကျပ်၊ ထောပတ်ပဲ တစ်အိတ်ကို ၁၃၁၀၀၀ ကျပ်မှ ၁၄၃၀၀၀ ကျပ်၊ ပဲပုတ်(ရှမ်း) တစ်အိတ်ကို ၁၀၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်၊ ပဲပုတ်(ဗမာ) တစ်အိတ်ကို ၁၈၀၀၀၀ ကျပ်နှင့် စီပီပြောင်း တစ်အိတ်ကို ၅၁၀၀၀ ကျပ်မှ ၅၁၅၀၀ ကျပ် ထိ ပေါက်ဈေးရှိကြောင်း သိရ သည်။                        CN-015






အခြားဆက်စပ်သတင်းများ