နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာတီနက်ဇ်ကို ခေါ်ယူရန် စပါးအသင်း ပြင်ဆင်

ဇွန်   ၂၀


စပါးအသင်းသည် အင်တာ မီလန်အသင်း တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ပေါင် ၇၇ သန်းဖြင့် ခေါ်ယူရန် အတွက် ပြင်ဆင်နေကြောင်း သိရသည်။ 


စပါးနည်းပြ ကွန်တီသည် လာမည့်ရာသီသစ်အတွက် အသင်းကို အင်အားဖြည့်တင်း မှုများ ပြုလုပ်နေပြီး လက်ရှိတွင် အင်တာမီလန် ဝါရင့်တောင်ပံ ကစားသမား ပါရီဆစ်နှင့် ဆောက်သမ်တန်အသင်းက ဂိုးသမား ဖရေဆာဖော်စတာ တို့ကို ခေါ်ယူထား ပြီးဖြစ်သည်။ ထို့ပြင် စပါးအသင်းသည် ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမားကိုလည်း ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် သဘောတူ ညီမှုရရှိထားပြီး ယခုအခါ အသင်း တိုက်စစ်ပိုင်းအတွက် လော်တာရိုမာတီနက်ဇ်ကို ပစ် မှတ်ထားလာခြင်းဖြစ်သည်။ 


စပါးအသင်းသည် မန်စီး တီးတိုက်စစ်မှူး ဂါဘရီ ရယ်လ်ဂျေးဇူးကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ၎င်း သည် အာဆင်နယ်အသင်း သို့ ပြောင်းရွှေ့ဖွယ်ရှိနေသည့် အတွက် အင်တာမီလန် အသင်းတွင် နည်းပြ ကွန်တီနှင့် လက်တွဲခဲ့ဖူးသည့် လော်တာ ရိုမာတီနက်ဇ်ကို  ပြောင်းလဲပစ်မှတ်ထားလာခြင်းဖြစ်သည်။


နည်းပြ ကွန်တီနှင့် တိုက်စစ် မှူး လော်တာရိုမာတီနက်ဇ်နှင့် နှစ်ရာသီ လက်တွဲခဲ့ဖူးပြီး ယင်းကစားသမားသည် နှစ် ရာသီအတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲတွင် ဂိုး ၄၀ သွင်းယူခဲ့သလို ပြီးခဲ့သည့် ရာသီကလည်း ပြိုင်ပွဲစုံ ၄၇ ပွဲတွင် ၂၅ ဂိုး သွင်းယူနိုင်ခဲ့သည်။        (သူရိန်)






အခြားဆက်စပ်သတင်းများ