နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထွက်ပြေးတိမ်းရှောင်နေသည့် YBS ယာဉ်မောင်းကို ဖမ်းဆီးရမိ ၊ ကမာရွတ်မြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထား

ရန်ကုန်     ဇွန်   ၈


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၌ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်မှ ထွက်ပြေးတိမ်း ရှောင်နေသောခရီးသည်တင်ယာဉ် YBS-40 မှ ယာဉ်မောင်းဇော်ထိုက် (ခ)ဇော်မျိုးထက်အား အမှတ်(၁ဝ) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ကရင်)၊ ဒုတပ်ဖွဲ့ခွဲမှူးရဲမှူးအောင်ကြီးဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကရင်ပြည်နယ်၊ ဘားအံမြို့ နာရီစင်အနီး၌ ဇွန် ၇ ရက်၊ ညနေ ၃ နာရီတွင်ဖမ်းဆီးရမိသည်။ ၎င်းကိုထိရောက် ဟန့်တားလောက်သည့်ပြစ်ဒဏ်ရရှိစေရန်အတွက် ကမာရွတ်မြို့နယ် တရားရုံးသို့အမြန်ဆုံးတရားစွဲတင် သွားမည်ဖြစ်ကြောင်း အမှတ်(၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်အနောက်ပိုင်းခရိုင်)မှ သိရသည်။


''တိမ်းရှောင်နေသူက ဒီဘက်မှာသူ့မိသားစုဝင်တွေနဲ့အဆက်အသွယ်ရှိတော့ ကျွန်တော်တို့က မိသားစုဝင် တွေကိုစည်းရုံးပြီး ဘားအံမြို့က ယာဉ်စက်ယန္တရားတွေပြင်တဲ့ သူရဲ့မိတ်ဆွေဆီမှာရှိကြောင်း သတင်းရလို့ ရဲမှူးအောင်ကြီးနဲ့ ဆက်သွယ်ပြီး ပေါင်းစပ်ဖမ်းဆီးရမိခြင်းပဲဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ဆီက အမှုစစ်ရဲအုပ်ဦးစီးတဲ့အဖွဲ့က ပြစ်မှုကျူးလွန်သူကို ညတွင်းချင်းခေါ်ဆောင်ခဲ့တာမို့ လက်ရှိ ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ တနင်္လာနေ့ကျရင် တရားရုံးမှာယမန်ယူပြီး ရဲလုပ်ငန်းနဲ့အညီ စစ်ဆေးဆောင် ရွက်မှာဖြစ်ပါတယ်။ အသေးစိတ်စစ်ဆေးပြီး ထိရောက်ဟန့်တားလောက်တဲ့ပြစ်ဒဏ်ရရှိဖို့ တရားရေး၊ ဥပဒေရေး တို့နဲ့ညှိနှိုင်းပြီး ကမာရွတ်မြို့နယ် တရားရုံးကို အမြန်ဆုံးတရားစွဲတင်သွားမှာဖြစ်ပါတယ်'' ဟု အမှတ်(၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရန်ကုန် အနောက်ပိုင်းခရိုင်) ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောသည်။


 ပြီးခဲ့သည့် ဇွန်လ ၂ ရက်၊ နံနက် ၆ နာရီခွဲဝန်းကျင်ခန့်က ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်း အတိုင်းတောင်မှ မြောက်(ကြည့်မြင်တိုင်မှ လှိုင်မြို့နယ်)ဘက်သို့ ယာဉ်မောင်းဇော်ထိုက်(ခ) ဇော်မျိုးထက် (၄၃ နှစ်) ရွှေပြည်သာမြို့နယ်၊ (၂ဝ)ရပ်ကွက် နေသူမောင်းနှင်လာသည့် ခရီးသည်တင် YBS-40(YGN)6E /-------  ဟွန်ဒိုင်းအဖြူရောင်ယာဉ်မှာ ယုဇနလမ်းထိပ်ရှိ မင်းသားကြီးလက်ဖက်ရည်ဆိုင်ရှေ့အရောက် အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်ကွန်ကရစ်တုံးကို ကျော်လွန်၍ မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ ကာ ဘုရင့်နောင်လမ်းအတိုင်း မြောက်မှတောင်(လှိုင်မြို့နယ်ဘက်မှကြည့်မြင်တိုင်မြို့နယ်ဘက်သို့) ကျောက်ပန်းတောင်းမြို့နယ်နေ ယာဉ်မောင်းကျော်ဇော (၃၅) နှစ် မောင်းနှင်လာသည့်  (YGN) FF---- FIELDER မီးခိုးရောင်တက္ကစီ အငှားယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် တက္ကစီအငှားယာဉ်မောင်းအပါအဝင် တက္ကစီအငှားယာဉ်ပေါ်၌ လိုက်ပါစီးနင်းလာကြသော စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်တွင်နေထိုင်ကြသည့် မောင်နှမများဖြစ်ကြသော ရဲနောင်ထွန်း(၂၈) နှစ်နှင့် အစ်မဖြစ်သူ မနှင်းဝေ(၂၉) နှစ်တို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြပြီး ခရီးသည်တင်ယာဉ် YBS-40 ယာဉ်မောင်း မှာ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် ၎င်းအား ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းခဲ့ရာ ဘားအံမြို့၌ ဇွန် ၇ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                  


မိုးခါး






အခြားဆက်စပ်သတင်းများ