နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ရာအတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် အသက်အရွယ်အလိုက် လုပ်ကိုင်နိုင်မည့်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ပေး

ရန်ကုန်   မေ   ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည်၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင် အောင်စန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်း အောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ် ချုပ်ကြီး ရဲအောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍၊ယမန်နေ့ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်ရှိ၊ မြန်မာ့သားကောင်းစစ်မှု ထမ်းဟောင်းအိမ်ရာ (လေး ထောင့်ကန်)တည်ဆောက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်အား ရှင်းလင်းဆောင်တွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး ကျော်စွာလင်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စစ်အင် ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်တို့က အိမ်ရာအတွင်း စစ်မှုထမ်းဟောင်းများနှင့် မိသားစုများကို နေရာချထား ပေးမှုအခြေအနေ၊အိမ်ရာများ ထပ်မံတည်ဆောက်နေမှု၊ အရိပ်ရအပင်များ စိုက်ပျိုးထား ရှိမှုအခြေအနေ၊ ရေ၊ မီး လိုအပ်ချက်များကို  ဖြည့်ဆည်း ဆောင်ရွက်ပေးထားသည့် အခြေအနေ၊ စစ်မှုထမ်းဟောင်း မိသားစု ဝင်များ၏နေထိုင်ရေး အတွက်သာမက စားရေး၊ နေရေးနှင့် အလုပ်အကိုင်ရရှိ ရေးတို့အတွက် အဆင့်မြင့် ဥစားကြက်ခြံလုပ်ငန်းလည်ပတ် နေမှုအခြေအနေ၊ အထည် ချုပ်စက်ရုံ လုပ်ငန်းလည်ပတ် နေမှုအခြေအနေများနှင့် အိမ်ရာ အတွင်း သာရေး၊ နာရေးကိစ္စ ရပ်များ ဆောင်ရွက်နိုင်မည့် အခြေ အနေ၊ ကလေးကစား ကွင်းနှင့် စာကြည့်တိုက်ထည့် သွင်း ဆောင်ရွက်ပေးထားသည့် အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က အိမ်ရာအတွင်း ပြီးစီးပြီးဖြစ် သည့် အခန်းများ၌ စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များ ရောက်ရှိနေထိုင်လျက်ရှိပြီဖြစ် သော်လည်း၊ ကျန်ရှိနေသူများအားလုံးရောက်ရှိနေထိုင်နိုင် ရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ မြို့ပြစီမံကိန်းအသွင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိသားစုဝင်များ၏ ပညာရည် မြှင့်တင်ရေးလုပ်ငန်းများကို လည်း ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ စီမံကိန်းအတွင်း စိုက် ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ၊ အသက်မွေးဝမ်း ကျောင်းသင်တန်းနှင့် အလုပ် အကိုင်များ၊ စက်မှုအထက်တန်း ကျောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများကို ဆောင်ရွက်ပေးနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိသဖြင့် ပညာ ရည်မြှင့်တင်ရေးလုပ်ငန်းများကို၊ အလေးထားဆောင်ရွက်ပေးရန် လိုကြောင်း၊အိမ်ရာတွင်နေထိုင် သူများ လူနေမှုအဆင့်မြှင့်တင် နိုင်ရေးအတွက်၊ စနစ်ကျန သည့် အဆင့်မီ Shopping Mall တစ်ခုကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊အိမ်ရာ အတွင်းနေထိုင်သည့် စစ်မှုထမ်း ဟောင်းများ၊ မိသားစုဝင် များအတွက် အသက်အရွယ် အလိုက် လုပ်ကိုင်နိုင်မည့် လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာအတွင်း မွေးမြူရေးလုပ် ငန်းများအတွက် လိုအပ်သည့် စားကျက်မြေများ ဖြစ်ပေါ်လာ စေရေး ယခုကတည်းကကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ နေရာအကျယ်အဝန်းများစွာ မယူသည့် ခေတ်မီမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ကြရမည်ဖြစ် ကြောင်းနှင့် လမ်းပန်းဆက်သွယ် မှုလွယ်ကူရေး၊ လမ်းများကောင်း မွန်ရေးတို့အတွက် လိုအပ်သည် များကို မှာကြားရာ၊ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ နှင့် ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့တို့က၊ မြို့ပြစနစ်တွင် ပါဝင်သင့် သည့်အချက်များ ပါဝင်နိုင်ရေး၊ ရေစွန့်ထုတ်သည့်စနစ် ကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေး တို့အတွက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် အခြေ အနေများကို အကြုံပြုဆွေးနွေး တင်ပြကြပြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးသည်။


ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည်စစ်မှု ထမ်းဟောင်းအိမ်ရာအတွင်း နေထိုင်လျက်ရှိသည့် စစ်မှုထမ်း ဟောင်းများနှင့်မိသားစုဝင် များကို၊ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး၊ အိမ်ရာတည် ဆောက်ရေးစီမံကိန်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့် လည်ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ          (လေးထောင့်ကန်)ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ကာ တပ်မတော်က အငြိမ်းစားယူပြီး ရန်ကုန်မြို့ တွင် အခြေချနေထိုင်လိုသူများ  အတွက် စစ်မှုထမ်းဟောင်းမြို့ အဖြစ် ရည်ရွယ်တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ အိမ်ရာ တွင် နေထိုင်သူများ၏ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်စားဝတ်နေရေး တို့တွင် လိုအပ်နိုင်သည့် အခြေခံ လိုအပ်ချက်များကို ထည့်သွင်း တွက်ချက်ပြီး မြို့ပြစီမံကိန်း အသွင် တည်ဆောက်လျက်ရှိ ကြောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်တို့ကိုလည်း ထည့် သွင်းတည်ဆောက်ထားပြီး စစ်မှု ထမ်းဟောင်းများနှင့် မိသားစုဝင် များအား နေရာချထားပေးလျက် ရှိကာ၊ အိမ်ရာစီမံကိန်းကို ဆက် လက်အကောင်အထည်ဖော် တိုးချဲ့တည်ဆောက်လျက်ရှိ ကြောင်းသိရသည်။       CN -MNA






အခြားဆက်စပ်သတင်းများ