နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်းက ကမ်းလှမ်းလာလျှင် ငြင်းဆန်ရန် ခက်ခဲမည်ဟု ကူကူရယ်လာ ပြော

ရန်ကုန်   မေ  ၂၇


ဘရိုက်တန်အသင်း၌ခြေစွမ်း ပြကစားနေသည့် ဘယ်နောက်ခံ လူ ကူကူရယ်လာက ပရီးမီးယား လိဂ်ချန်ပီယံ မန်စီးတီးအသင်း ကမ်းလှမ်းလာလျှင် ငြင်းဆန် ရန်ခက်ခဲလိမ့်မည်ဟု ဝန်ခံ ပြောဆိုခဲ့သည်။


မန်စီးတီးအသင်းသည် လာမည့် အပြောင်းအရွှေ့ကာလ တွင် ဘယ်နောက်ခံလူတစ်ဦးကို ခေါ်ယူရန်ရည်ရွယ်နေပြီး အသက် ၂၃ နှစ်အရွယ် ကစားသမား ကူကူရယ်လာကို ပေါင်သန်း ၃၀ ဖြင့် ပစ်မှတ်ထားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။


ကူကူရယ်လာသည် ဘရိုက် တန်အသင်းအတွက် ယခုရာသီ တွင် အကောင်းဆုံးခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားများထဲက တစ်ဦး အပါအဝင်အဖြစ် သတ်မှတ်ခြင်း ခံထားရသူဖြစ်သည်။


စပိန်လက်ရွေးစင် ကစား သမားသည် ပြီးခဲ့သည့်ရာသီက ဂီတာဖေးအသင်းက ပေါင် ၁၅ ဒသမ ၄ သန်းဖြင့် ဘရိုက်တန် အသင်းသို့ ရောက်ရှိလာသူဖြစ် ပြီး ယင်းကိုယ်တိုင်က မန်စီးတီး အသင်းကသာ ကမ်းလှမ်းမှုပြု လုပ်လာလျှင် လက်ခံဖွယ်ရှိနေ သည်။


“အခွင့်အရေးရလာရင်အရ ယူရပါမယ်၊ ကျွန်တော်တို့အနေ နဲ့ငြင်းပယ်လို့မရနိုင်တဲ့ အသင်း တွေအများကြီးရှိပါတယ်။ အဲ့ဒီ ထဲမှာ မန်စီးတီးအသင်းကလည်း အပါအဝင်ပါပဲ” ဟု အင်တာဗျူး တစ်ခုတွင် ကူကူရယ်လာက ပြောကြားသည်။         (သူရိန်)






အခြားဆက်စပ်သတင်းများ