နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ နိုင်ငံတော်ဩဝါဒါစရိယ ရွှေသုဝဏ်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို သွားရောက်ဖူးမြော်ကြည်ညို

ရန်ကုန်   မေ  ၂၇


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကြီးပွား ရေးရပ်ကွက် ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်၊ အဘိ ဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တ သဒ္ဓိယမဟာထေရ်မြတ်ကြီး သည် ၂၀၂၂ ခုနှစ် မေ ၂၁ ရက် (စနေနေ့) နံနက် ၁ နာရီ မိနစ် ၄၀ တွင် ဘဝနတ်ထံပျံလွန်တော်မူ ခဲ့သည်။ 


ဖူးမြော်ကြည်ညို


ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ပုည နိမ္မိတာရာမ ရွှေသုဝဏ်ကျောင်း တိုက်၌ ပူဇော်ထားလျက်ရှိရာ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ                         ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သည်၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကို၊ သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန် ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍၊ ယမန်နေ့မွန်းလွဲပိုင်းက သွား ရောက်ဖူးမြော်ကြည်ညိုသည်။


ဆက်ကပ်လှူဒါန်း


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က၊ ကချင်ပြည်နယ် သံဃနာယကအဖွဲ့အကျိုးတော် ဆောင်၊ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော်၊  အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တကေတု မာလာအမှူးပြုသည့်၊ အန္တိမ အဂ္ဂိဈာပနကျင်းပရေး ဩဝါဒါ စရိယဆရာတော်ကြီးများကို၊ ဖူးမြော်ကြည်ညိုပြီး ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာ သဘင်အခမ်းအနားပြုလုပ်မည့် အခြေအနေများကို၊ လျှောက်ထား ဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော်ထံ၊ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းသည်။


ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က၊ ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာ သဘင်အခမ်းအနားကျင်းပနိုင် ရေးအတွက် အလှူငွေများပေး အပ်လှူဒါန်းရာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက လက်ခံရယူ သည်။


ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင် များသည်၊ ရွှေသုဝဏ်ဆရာတော် ကြီး၏ ဥတုဇရုပ်ကလာပ်တော် အား ဖူးမြော်ကြည်ညိုကြသည်။


အဆင့်ဆင့်အောင်မြင်


အဆိုပါ ရွှေသုဝဏ်ဆရာတော် ကြီးလောင်းလျာကို၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာ (ခံဘဲ့ကျေးရွာ)၌၊ ခမည်းတော် ဦထွေး၊ မယ်တော်ဒေါ်နှင်းအေး တို့က မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၁ ရက်တွင်ဖွားမြင်ခဲ့ပြီး၊ မွေးချင်း ခြောက်ဦးအနက် အကြီးဆုံးဖြစ် ကြောင်း၊ အောင်ချမ်းသာ (ခံဘဲ့ ကျေးရွာ) မှန်ကျောင်းဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံတွင် ပညာသင် ယူ၍၊ ၁၃၁၁ ခုနှစ်တွင် ရှင်သာ မဏေအဖြစ်သို့ရောက်ရှိခဲ့ကြောင်း၊ ၁၃၁၉ ခုနှစ်တွင် မြစ်သားမြို့၊ မင်းကျောင်းတိုက်ခဏ္ဍသိမ်၌၊ ရေလည်ကျောင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍၊ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ ဆရာတော် သည် အစိုးရပထမပြန်စာမေးပွဲ များကို နှစ်စဉ်အောင်မြင်ခဲ့ပြီး ၁၃၁၉ ခုနှစ်၊ ဓမ္မာစရိယစာချတန်း တွင် ကျမ်းရင်းသုံးကျမ်းနှင့်ဂုဏ် ထူးသုံးကျမ်းတို့ကို ရှင်သာမဏေ ဘဝဖြင့်အောင်မြင်၍၊ "သာသနာ့ ဓဇသီရိပဝရ ဓမ္မာစရိယ" ဘွဲ့ကို၊ နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဆက်ကပ်ခဲ့ကြောင်း၊ ထို့နောက် သာသနာတော်ဆိုင်ရာစာမေးပွဲ များကို၊ အဆင့်ဆင့်အောင်မြင်ခဲ့ ပြီး၊ ဗုဒ္ဓပွင့်တော်မူရာ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဒရဘံဂါတက္ကသိုလ် အောက်ရှိ၊ နာလန္ဒာဘွဲ့လွန်ပညာ သင်တန်းကျောင်းသို့ ၁၉၈၁ ခုနှစ် တွင် ကြွရောက်ပညာသင်ယူရာ၊ ၁၉၈၂ ခုနှစ်တွင် "အာစရိယ"ဘွဲ့၊ ၁၉၈၆ ခုနှစ်တွင် မာဂဓတက္ကသိုလ် က ဆက်ကပ်သည့် မဟာဝိဇ္ဇာ (M.A. Buddhist Study) ဘွဲ့ကို ရရှိခဲ့ကြောင်း၊ ဆရာတော်ကြီး သည်၊ ပရိယတ္တိစာပေသင်ကြား ရေးဆိုင်ရာကိစ္စရပ်များ စနစ် တကျရှိစေရေးဆောင်ရွက်ခြင်း၊  တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးရှိ စေတီပုထိုးများတည် ထားပူဇော်ရာတွင်၊ စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ပေးခြင်း၊ ကျမ်းစာများပြုတော်မူခြင်း၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေး အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်း၊ ဗုဒ္ဓစာပေအဖွဲ့ ဖွဲ့စည်းတည် ထောင်၍ စာအုပ်အမျိုးမျိုးကို ဖြန့်ဝေထိန်းသိမ်းခြင်း၊ ပဋိကတ် ကို ကွန်ပျုတာစာလုံးဖြင့်ရိုက်နှိပ် ခြင်း၊ တိုက်နယ်ဆေးရုံဆောက် လုပ်လှူဒါန်းခြင်း စသည့်အမျိုး ဘာသာသာသနာတော်အကျိုး များကို များစွာသယ်ပိုးတော်မူခဲ့ ကြောင်း၊ သာသနာတော်ကြီး အဓွန့်ရှည်ကြာတည်တံ့ရေး အတွက်၊ နည်းမျိုးစုံဖြင့်စဉ်ဆက် မပြတ်ဆောင်ရွက်တော်မူ၍၊ အမျိုးဘာသာ သာသနာတော် အကျိုးကို သယ်ပိုးတော်မူခဲ့ခြင်း ကြောင့်၊ နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၇ ခုနှစ် တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့၊ ၂၀၀၇ ခုနှစ်တွင် အဂ္ဂ မဟာပဏ္ဏိတဘွဲ့၊ ၂၀၁၇ ခုနှစ် တွင် Doctor of Letters ဘွဲ့၊ ၂၀၁၉ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့၊ ၂၀၂၁ ခုနှစ်တွင် အဘိ ဓဇအဂ္ဂမဟာ ဘဒ္ဓမ္မဇောတိက ဘွဲ့တို့ကို ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။ 

CN-MNA






အခြားဆက်စပ်သတင်းများ