နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေး-လားရှိုးလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူတစ်ဦးသေဆုံး

မန္တလေး၊ မေ ၂၇


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ရေသရောက် ကုန်းကျေးရွာ၊ မန္တလေး-လားရှိုး လမ်း မိုင်တိုင် အမှတ် ၅၁/၃ နှင့် ၅၁/၄ ကြား မြိုင်ကြီးကွေ့ တွင်သံပြားများတင် ဆောင် မောင်းနှင်လာသော ယာဉ်တစ် စီး ယမန်နေ့က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံး သွားသည်။


ပြင်ဦးလွင်ခရိုင်/ မြို့နယ် မီးသတ်စခန်းများက ယာဉ် တိမ်းမှောက်ကြောင်း သတင်း ရရှိသဖြင့် မီးသတ်ယာဉ်တစ် စီး၊ အထောက်အကူပြုယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များဖြင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့သည်။


အဆိုပါ ယာဉ်တိမ်းမှောက် မှု ကြောင့် ယာဉ်ပေါ်ပါ ကျားနှစ် ဦးအနက် ယာဉ်မောင်းကျား တစ်ဦး (သေဆုံး) နှင့်ယာဉ် နောက်လိုက်ကျားတစ်ဦး ထိ ခိုက် ဒဏ်ရာ (စိုးရိမ်ရ) တို့ကို သန္တိသုခလူမှုကူညီရေးအသင်း ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

CN-014






အခြားဆက်စပ်သတင်းများ