နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင် - သုံးခွလမ်းမကြီး၊ စစ်ပင်ကွင်းကျေးရွာနှင့် သူဌေးကွင်းကျေးရွာ ကြားတွင် ယာဉ်တိမ်းမှောက်

ရန်ကုန် ဇွန် ၇


ဇွန် ၅ ရက်၊ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွလမ်းမကြီး၊ စစ်ပင်ကွင်းကျေးရွာနှင့် သူဌေးကွင်းကျေးရွာကြားတွင် သန်လျင်ဘက်မှ သုံးခွဘက်သို့ ယာဉ်မောင်း ကိုချစ်ရဲသူ မောင်းနှင်လာသော ယာဉ်အမှတ်(2E – -----) Nissan Cabster အမျိုးအစား(အဖြူရောင်) MAYFAIR စက်ရုံမှ ဝန်ထမ်းကြို/ပို့ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးသို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိ၍ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁) စီး၊ မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး တို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၅)ဦး၊ မ(၁၈)ဦး စုစုပေါင်း(၂၃)ဦးအနက် မ(၂)ဦး(မစိုးရိမ်ရ)ရရှိခဲ့ပါသဖြင့် သန်လျင်ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ကိုချစ်ရဲသူအား သန်လျင်မြို့မရဲစခန်း၊ ယာဉ်(ပ) ၄၆/၂၀၂၀၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ