နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုးမားအသင်း ယူရိုပါ ကွန်းဖရန့်လိဂ်ဖလား ဆွတ်ခူး

မေ   ၂၆


ယူရိုပါ ကွန်းဖရန့်လိဂ်၏ ဗိုလ်လုပွဲစဉ်အဖြစ် ရိုးမား အသင်းနှင့် ဖီယင်နုအသင်းတို့ ယနေ့ နံနက်အစောပိုင်းက အဲလ်အယ်လ်ဘားနီးယားကွင်း ၌ယှဉ်ပြိုင်ကစားရာ ရိုးမား အသင်းက ဖီယင်နုအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားသည်။


ရိုးမားအသင်းသည် ပွဲချိန် ၃၂ မိနစ်တွင် သွင်းယူခဲ့သော ဇာနီအိုလို၏ တစ်လုံးတည်း သော အနိုင်ဂိုးဖြင့် ကွန်းဖရန့် လိဂ် ဆုဖလားကို ရရှိခဲ့ခြင်း ဖြစ်သည်။


ရိုးမားအသင်း နည်းပြ မော်ရင်ဟိုအနေဖြင့် ဥရောပ မေဂျာပြိုင်ပွဲ ဗိုလ်လုပွဲ တက်ရောက်သည့် ငါးကြိမ်စလုံး တွင် ချန်ပီယံဆုကို ရယူနိုင်ခဲ့ ပြီး မတူညီသည့် အသင်းလေး သင်းဖြင့် ဥရောပဆုဖလားများ ကို ရယူနိုင်ခဲ့သည့် ပထမဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။                             (သူရိန်)






အခြားဆက်စပ်သတင်းများ