နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးကျန်းမာရေးလိုက်နာဆောင်ရွက်

လူတို့၏ နေထိုင်စားသောက်မှုပုံစံများပြောင်းလဲလာသည်နှင့် အမျှ အဖြစ်အများဆုံးရောဂါများတွင် နှလုံးရောဂါပါဝင်လာသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှု ရောဂါစသည့် နှလုံးရောဂါများသည် လူကိုအန္တရာယ်ပြုစေသော ရောဂါများပင်ဖြစ်၏။ 


ကမ္ဘာတွင် ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရသူဦးရေသည် ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်းကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံး သွေး‌ကြောရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးရခြင်းကို ၂၅    ရာခိုင်နှုန်းလျှော့ချရန်ကျန်မာရေးအဖွဲ့အစည်းအသီးသီးက ကြိုး ပမ်းဆောင်ရွက်လျက်ရှိသည်။


ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း ၏ အဓိကအကြောင်းအရင်းမှာ ရောဂါကြိုတင်မသိခြင်း၊ ရောဂါ ရှိကြောင်းသိသော်လည်း ပေါ့ပေါ့တန်တန်နေထိုင်စားသောက်နေ ခြင်း၊ ကျန်းမာရေးစစ်ဆေးမှု အားနည်းခြင်း၊ နှလုံးရောဂါနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျှူရှုထားခြင်း စသည်တို့ကြောင့် ဖြစ်သည်။


နှလုံးရောဂါသည် ဖြစ်ပြီဆိုလျှင် ကုသရန် ခက်ခဲလှသည်။ လူတို့အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီ၊ အဆိမ့်များ လျှော့၍စားသုံးခြင်း၊ အရက်နှင့် ဆေးလိပ်သောက်သုံးမှုမှ ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကို ဂရုပြု ကာကွယ်ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုပြုလုပ်ခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သင့်သည်။


လူအချို့စားသုံးသော အဓိကဟင်းလျာများတွင် အငန်၊ အချို နှင့် အဆီဓာတ်များပိုကဲစွာတွေ့ရတတ်သည်။ အချို့ကား အဆီ များခြင်းအန္တရာယ်ကိုသတိမထားမိကြ။ ဆေးဘက်ဆိုင်ရာ ပညာ ရှင်များက အသားမှရသော ဆီထက် ဟင်းသီးဟင်းရွက်နှင့် ငါးမှ ရသောဆီကို စားသုံးရန်ညွှန်းဆိုကြခြင်းဖြစ်သည်။


နှလုံးရောဂါကြောင့် သေဆုံးရခြင်းမှ ကင်းဝေးစေရန်ကာကွယ် ခြင်းသည် ကုသခြင်းထက်ထိရောက်သည်ဆိုသည့် စကားအတိုင်း အနေအထိုင်အစားအသောက်တို့ကို သတိပြုစားသောက်နေထိုင် သင့်သည်။ နှလုံးရောဂါ အန္တရာယ်ကို လူတစ်ဦးချင်း၊ တစ်စုချင်း မှ ကြိုးပမ်းဆောင်ရွက်မှ ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးနိုင်မည်ဟု ဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ