နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၇

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ  မေ ၆ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၅၃)ရပ်ကွက်၊ ချမ်းမြသာစည်လမ်းနှင့် ဇေယျာမြိုင်လမ်းထောင့်၌ စန်းဝင်းထံမှ အရိုးအသွား (၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် (၆၅)ရပ်ကွက်၊ သရက်မြင်(၃)လမ်းမပေါ်၌ သက်တင်ဟိန်းထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ကတ်ကြေးတစ်ဖက်ချွန်နှင့် ညနေ ၅ နာရီအချိန်တွင် (၅၄)ရပ်ကွက်၊ ဇွဲကပင်လမ်းနှင့် ဇွဲကပင်(၅)လမ်းထောင့်၌ ဓားကိုင်သောင်းကျန်းနေသော စိုးသန်းထံမှ အရိုးအသွား(၁၃)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားရှည်တစ်ချောင်းကိုလည်းကောင်း၊
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီခွဲအချိန်တွင် တံတားဖြူ မှတ်တိုင်၊ ပြည်ထောင်စုလမ်းမကြီးပေါ်၌ သူရဇော်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်ကို လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် (ဌ)ရပ်ကွက်၊ သစ္စာပန်းလမ်းမပေါ်၌ မြင့်ခိုင်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ညနေ ၅ နာရီ ၅၀ အချိန်တွင် ရွှေပေါက္ကံ တံတားအဆင်း၌ ကျောက်ခဲထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ (၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၉ နာရီအချိန်တွင် (က)ရပ်ကွက်၊ မေယုပတ်လမ်းမပေါ်၌ အောင်သီဟထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်တွင် (၉)ရပ်ကွက်၊ မကွေးလမ်း မပေါ်၌ ဇော်ထက်အောင်ထံမှ အရိုးအသွား(၂၇)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်း၊ (၂)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ အောင်ဇေယျတံတားအောက်၌ သိန်းထိုက်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီခွဲအချိန်တွင် ကစင်ကျေးရွာ၊ ကနောင်မင်းသားကြီးလမ်းမပေါ်၌ သန်းထိုက်အောင်ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီခွဲအချိန်တွင် ၂/တောင်ရပ်ကွက်၊ မင်းနန္ဒာ လမ်းမကြီးပေါ်၌ ထွန်းအောင်ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၅ မိနစ်အချိန်တွင် ဧကရာဇ် ရပ်ကွက်၊ အမှတ်(၃)လမ်းမကြီးဘေး၌ လွင်ဇော်မိုးထံမှ အရိုးအသွား(၁)ပေ(၁၀)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ