နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်း ၈၀ ကျော် ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့သည့် ဘရာဇီးလ်အမျိုးသား ကမ္ဘာ့စံချိန်တင်

ဘရာဇီးလီယား၊  မေ  ၅ 


အသက် ၁၀၀ အရွယ်ရှိ ဘရာဇီးလ် နိုင်ငံသား  ဝေါ်တာအော့သ်မန်သည် အထည်အလိပ်ကုမ္ပဏီ   တစ်ခုဖြစ်သော Reneaux View တွင်    ၈၄ နှစ်ကြာ အလုပ်လုပ်ခဲ့ခြင်းကြောင့် လုပ်ငန်းခွင် တစ်ခုတည်းတွင် အချိန်အကြာဆုံး အလုပ်လုပ်သူအဖြစ် ကမ္ဘာ့စံချိန်တင် စာရင်းဝင်သွားကြောင်း သိရသည်။


အော့သ်မန်သည် ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် အဆိုပါ ကုမ္ပဏီ ၏ ပစ္စည်းအဝင်အထွက် စာရင်းမှတ်သူ အဖြစ် အလုပ်စဝင်ခဲ့ပြီး မိသားစုစားဝတ် နေရေးအဆင်ပြေစေရန် ယင်းအလုပ်ကို လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကြိုးစားမှုများကြောင့် အရောင်းဝန်ထမ်း ဖြစ်လာခဲ့သည်။ 


ထို့နောက်  အရောင်းဝန်ထမ်း အဖြစ် ဆော်ပေါ်လိုကို သွားရောက်ခဲ့ရ ပြီး တစ်ပတ်မပြည့်မီတွင်     သုံးလစာ အော်ဒါ  ကောက်နိုင်ခဲ့ခြင်းကြောင့်  အရောင်းမန်နေဂျာအဖြစ်  ရာထူးတိုးခဲ့ ကြောင်း သိရ သည်။  


အရောင်းဌာနတွင် အလုပ်လုပ်ရ သည့်အတွက် နိုင်ငံအနှံ့အပြားသွားခွင့် ရ ပြီး ယဉ်ကျေးမှုမတူသူများနှင့်တွေ့ ဆုံခွင့်ရကာ   ပျော်ရွှင်မိကြောင်း အော့သ်မန်က ဆိုသည်။ 


ယင်းသည်   လက်ရှိအချိန်ထိ အရောင်းဌာနမန်နေဂျာအဖြစ် အလုပ် လုပ်နေဆဲဖြစ်ပြီး  အသက် ၁၀၀ အရွယ်ရှိသည်အထိ နေ့စဉ် လေ့ကျင့် ခန်းလုပ်ခြင်းကြောင့် သန်မာနေဆဲဖြစ် ကြောင်း လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။ 


''မနက်ဖြန်အတွက် တွေးပူမနေ ဘူး။ အိပ်ရာနိုးတယ်၊ လေ့ကျင့်ခန်း လုပ်တယ်၊ ကျွန်တော်တို့က ကိုယ် မြတ်နိုးတဲ့အလုပ်လုပ်နေရရင်   အချိန် ကုန်သွားမှန်းမသိကြဘူးလေ''   ဟု အော့သ်မန်က မီဒီယာများ၏ မေးမြန်း ချက် ကို ပြန်လည်ဖြေကြားထားသည်။ 

(Ref:Yahoo)






အခြားဆက်စပ်သတင်းများ