နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီပိုင် Merck ဆေးကုမ္ပဏီ တရုတ်နိုင်ငံတွင် လုပ်ငန်းတိုးချဲ့မည်

ပေကျင်း၊  မေ  ၅


ဂျာမနီ   ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Merck ကုမ္ပဏီ အနေဖြင့်    တရုတ်တွင် ယင်းတို့၏ လုပ်ငန်းများကို တိုးချဲ့ရန် လက်မှတ်ရေး ထိုးလိုက်ပြီဖြစ်ကြောင်း မေ ၄ ရက်တွင် ကြေညာသည်။ 


တရုတ်နိုင်ငံ ကျန်ဆူးပြည်နယ် ဝူဇီ မြို့တွင် ရှိသော Merck ကုမ္ပဏီ၏ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကို ကြီးမားစွာ တိုးချဲ့မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။


လုပ်ငန်းတိုးချဲ့မှုအတွက် Merck ကုမ္ပဏီသည် ကန်ဒေါ်လာ ၁၁၀ သန်း အထိ အသုံးပြုသွားမည်ဖြစ်ပြီး လက် ရှိ ဝူဇီမြို့တွင်ရှိသော Merck ၏ စက်ရုံ ကိုလည်း လာမည့် ခြောက်နှစ်အတွင်း အပြည့်အဝ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။


Merck ကုမ္ပဏီ၏ လုပ်ငန်းတိုးချဲ့မှု ကြောင့် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၀၀ ခန့် ဖန်တီး ပေးမည်ဟု မျှော်မှန်းထားပြီး တိုးချဲ့သော လုပ်ငန်းသည် လာမည့် ၂၀၂၄ ခုနှစ်တွင် အပြည့်အဝလည်ပတ်မည်ဟု ကုမ္ပဏီ က ပြောသည်။

(Ref:Bloomberg)






အခြားဆက်စပ်သတင်းများ