နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမြန်နူန်းဆော့ဖ်ဝဲလ်မှားယွင်းမှုကြောင့် Tesla မှ Model- 3 လျှပ်စစ်ကားများကို ပြန်သိမ်း

ပေကျင်း၊  မေ  ၅


တရုတ်နိုင်ငံထုတ်ကုန် အရည်အသွေးစောင့်ကြည့်ရေးအဖွဲ့၏ ပြောကြား ချက်အရ Tesla လျှပ်စစ်ကားကုမ္ပဏီမှ ဆော့ဖ်ဝဲလ်မှားယွင်းမှုကြောင့် ကားအစီး ရေပေါင်း ၁၄၆၈၄ စီးကို ပြန်လည်သိမ်းယူနေကြောင်း သိရသည်။


ပြန်သိမ်းယူလိုက်သော ကားများတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ မှ ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်အတွင်း ထုတ်လုပ်ခဲ့သော Model 3 Performance ကားအမျိုးအစားများပါဝင်ပြီး အစီးရေပေါင်း ၁၈၅၀ ခန့်သည် နိုင်ငံခြားမှ ဝင်ရောက်လာခြင်းဖြစ်ကာ ၁၂၈၃၄ စီးသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်ခြင်း ဖြစ်ကြောင်း အစိုးရစျေးကွက်စည်းကမ်းဆိုင်ရာ ကွပ်ကဲရေးရုံးကထုတ်ပြန် ထားသည်။


အဆိုပါ Tesla Model 3  ကားများသည် tracking mode ကို ပြောင်းသုံးရာတွင် display ၏ အလယ်ပိုင်း၌ ယာဉ်၏ အမြန်နှုန်းတန်ဖိုးကိုသာပြပြီး အမြန်နှုန်းယူနစ် ကို မပြသသော ဆော့ဖ်ဝဲလ်မှားယွင်းနေသည့်အတွက် ယာဉ်တိုက်မှုများဖြစ်ပေါ် နိုင်ခြင်းကြောင့် ထိုမော်ဒယ်ကားများကို ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ပေကျင်းနှင့် ရှန်ဟိုင်းရှိ Tesla  ရုံးခွဲများကမူ ပြန်လည်သိမ်းယူလိုက်သော Tesla ကားများ၏ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပေးမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။                                                          (Ref:Reuters)






အခြားဆက်စပ်သတင်းများ