နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၆

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ  ဇွန် ၅ ရက်၊ နံနက်  ၄ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ထွန်းထွန်းဝင်းထံမှ အရှည်(၂)ပေ (၆)လက်မခန့်ရှိ သံဦးချွန်ပါ သံပိုက်တစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် (ဋ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးနှင့် သုနန္ဒာမီးပွိုင့်လမ်းဆုံ၌ ရဲမင်းအောင်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် ဆွေနိုင်ဦးထံမှ အရိုးအသွား(၁၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
လသာမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီ ၃၅ မိနစ်အချိန်တွင် (၄)ရပ်ကွက်၊ လသာလမ်းနှင့် အနော်ရထာ လမ်းထောင့်၌ ဇော်ထက်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ  ၂၀ မိနစ်အချိန်တွင် ကျော်ဇင်ဦးထံမှ အရိုးသွား (၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီခွဲအချိန်တွင် သာဓုကန်စက်မှုဇုန်၊ မြလမ်းအရောက်၌ အောင်ကိုလင်းထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် (၁၀)ရပ်ကွက်၊ နတ်မောက်လမ်းမပေါ်၌ ဖိုးဇော်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲအချိန်တွင် ၁၀/တောင်(၁၃)ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမပေါ်၌ ခင်မောင်ချင်းထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ တွံတေးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် ရွှေဆံတော်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်၌ အောင်ပြည့်ဖြိုးထံမှ အရိုးအသွား(၁၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း  သိမ်းဆည်း ရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ