နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

တာချီလိတ် ဇွန် ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် သတင်းအရ ယမန်နေ့၊ နေ့လယ် ၃ နာရီအချိန် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဟိန်းမင်းထိုက်မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်နှင့် မင်းမင်းလတ်မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား ၆ ဘီးမော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဟိန်းမင်းထိုက် မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် အမှုန့်ကြိတ်စက်တစ်လုံး၊ BLOMYUI စာတန်းပါ အခြောက်ခံစက် ၁ လုံး၊ တရုတ်စာတန်းများပါ တံဆိပ်ရိုက်စက် ၁ လုံး၊ လက်ကိုင်စတီးချိုင့် ၄ လုံး၊ စိတ်ကြွရူးသွပ် ဆေးပြားထည့်သည့် အိတ်အသေး ၂၀,၀၀၀ ခန့်စီပါ ဆာလာအိတ်အကြီး ၃၁ လုံး၊ မင်းမင်းလတ်မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားထည့်သည့် အိတ်အသေး ၂၀,၀၀၀ ခန့်စီပါ ဆာလာအိတ်အကြီး ၆၉ လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ  စိုင်းအောင်ခမ်း အား တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ညနေ ၄ နာရီအချိန်တွင်  ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ယနေ့၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန် စိုင်းအောင်ခမ်း နေထိုင်သည့် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ ၃ လမ်း၊ ရွှေနဂါးတိုက်တန်း၊ အခန်းအမှတ် ၄ အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား၊ အိုက်စ် သုည ဒသမ ၈ ကီလို၊ M 22 သေနတ် ၂ လက်၊ M 16 သေနတ် ၁ လက်၊  ပွိုင့် ၄၅ ပစ္စတို သေနတ် ၁ လက်၊ M 22 ကျည်အိမ် ၄ ခု၊ M 16 ကျည်အိမ် ၆ ခု၊ ပွိုင့် ၄၅ ကျည်အိမ် ၁ ခု၊ ပွိုင့် ၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမလူဂါကျည် ၇၅ တောင့်၊ ပွိုင့် ၃၂ ကျည် ၁ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် ၆၆၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၆ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြားတံဆိပ်ရိုက်ရာတွင်အသုံးပြုသည့်WYစာတန်းပါမို ၁၆၉၀ ချောင်း၊ မြင်းခေါင်း တံဆိပ်ပါမို ၅၃၅ ချောင်း၊ ပန်းသီးပုံတံဆိပ်ပါမို ၂၁၅ ချောင်း၊ A တံဆိပ်ပါမို ၉၅ ချောင်း၊ R တံဆိပ်ပါမို ၆၅ ချောင်း၊ တံဆိပ်မပါမို ၁၃၁၆ ချောင်း၊ စုစုပေါင်းမို ၃၉၁၆ ချောင်း၊ မိုခေါင်း ၈၀၀ ခု၊  စိတ်ကြွရူးသွပ် ဆေးပြားထည့်သည့် အိတ်အသေး ၂၀,၀၀၀ ခန့်စီပါ ဆာလာအိတ်အကြီး ၆၉ လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဟိန်းမင်းထိုက်(၂၈)နှစ်၊ မင်းမင်းလတ်(၃၀)နှစ်၊ စိုင်းအောင်ခမ်း (၂၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ