နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်း၌ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မိုင်းယောင်း  ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဇွန် ၅ ရက်က ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ် အောင်သွင်ဦး၊ မိုင်းယောင်းမြို့မရဲစခန်းမှ နယ်ထိန်း ဒုတိယတပ်ကြပ် မျိုးဆွေနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၅ ရက် ည ၉ နာရီက မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ဝမ်ဖကျေးရွာအနီး ဝမ်ဖတံတား၌ မိုင်းဖြတ်ဘက်မှ မိုင်းယောင်းဘက်သို့ ပါပါး(ခ)ကယ်ကယ်(၁၉ နှစ်) တုံတာမြို့ ဖာဝေါ်ကျေးရွာအုပ်စု ပုံခတ်ကျေးရွာ(ခ) ၅ မိုင် ကျေးရွာနေသူ မောင်းနှင်လာသော ဟွန်ဒါဝေ့ဖ်-၁၁၀ ဖြူနီကြားအရောင်ရှိ ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် စီလီကွန်ခေါင်းအုန်းအတွင်း ထည့်သွင်းလျက် သိုဝှက်သယ်ဆောင်လာသော WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စည်း ငါးစည်းနှစ်ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(အလေးချိန် နှစ်ကီလို) တန်ဖိုး ကျပ်သိန်း ၂၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ပါပါး(ခ)ကယ်ကယ်(၁၉ နှစ်)အား မိုင်းယောင်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စိုင်းယောင်းခမ်း






အခြားဆက်စပ်သတင်းများ