နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်နှာကြက်အတွင်း သွယ်တန်းထားသောလျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

မန္တလေး ဇွန် ၆

မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊မေဃဂီရိရပ်ကွက်၊အကွက်(၁၄၅)နေ ဦးစိုးရွှေလှ(၅၀)နှစ်၏နေအိမ် အပေါ်ထပ်မျက်နှာကြက်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ ဇွန် ၅ရက် နံနက် ၁၀ နာရီမိနစ်၃၀ခန့်က မီးလောင်မှုစတင်ဖြစ်ပွားရာ ပေ၂၀Xပေ၅၀ နံကပ် (၂)ထပ်တိုက်အပေါ်ထပ် မီးလောင်ခဲ့ပြီး အတွင်းပစ္စည်းများအပါအဝင် ကျပ်၂၃၀ဝ၀ဝ၀ ဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့သည်။
 
မီးလောင်ရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၄၀စီး၊ မီးသတ်ရေသယ်ယာဉ်၁၀စီး၊ အုပ်ချုပ်မှုယာဉ်၃စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးတို့က သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်၁၀နာရီ၄၅မိနစ်တွင်မီးငြိမ်းခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ ဦးစိုးရွှေလှအားအောင်မြေသာစံမြို့နယ်အမှတ်(၅)မြို့မရဲစခန်းက  (ပ)၁၄၆/၂၀၂၀၊ ပုဒ်မ၂၈၅အရ အမှုဖွင့်အရေးယူထားသည်။ 

အလားတူပြည်ကြီးတံခွန်မြို့နယ်(က)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းနှင့် သာယာဝတီမင်းကြီးလမ်းကြား လမ်းသွယ် (၁၂)ရှိအထည်ချုပ်လုပ်ငန်းတွင် ဇွန် ၅ ရက် နံနက် ၆ နာရီမိနစ် ၃၀ က မိုးများရွာသွန်းနေစဉ် လျှပ်စစ်မီတာ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ မျက်နှာကြက်အနည်းငယ်မီးလောင်ခဲ့ပြီး နေအိမ်နှင့် အနီးဝန်းကျင်ရှိ မီးသတ်ဆေးဘူးများဖြင့်ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ