နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်ကော်မြို့နှင့် ဖားကန့်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လွိုင်လင် ဇွန် ၅


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၃ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၊ ပတ္တမြားလမ်းနေ ကြည်မင်းဦး(ခ)ဂျိုကာ ၏နေအိမ်ကိုရှာဖွေရာ ယင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၇၀ ပြား၊ မြန်မာငွေ ၂၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ ကန္တရဝတီလမ်း၊ အိမ်အမှတ်(မ/၄)ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ပြား၊ ဘိန်းဆီခဲ သုည ဒသမ ၆ ကီလို တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ကြည်မင်းဦး(ခ)ဂျိုကာ(၄၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယင်းနေ့ ည ၇ နာရီခွဲတပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ အိမ်အမှတ်(၇/၂၄)နေ ရွှေတိုး၏နေအိမ်ကို ရှာဖွေရာ နေအိမ်အတွင်းရှိ သေတ္တာအတွင်းမှ ဘိန်းစိမ်း  ၁ ဒသမ ၀၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူ-ဝှေခါသွားကားလမ်းတွင် သောင်းစိန်(ခ)မြသောင်းမောင်းနှင်ပြီး မိုးမင်းဝင်း(ခ)မိုးမင်း လိုက်ပါလာသော TOYOTA HILUX SURF အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ ဘိန်းစိမ်း ၁ ကီလိုသိမ်းဆည်းရမိပြီး ဆက်လက်၍ ၎င်းတို့ ၂ ဦးနေထိုင်သည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ဆီဇာကျေးရွာ၊ A-1 ရပ်ကွက်ရှိ နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းရှိ သံသေတ္တာအတွင်းမှ ဘိန်းစိမ်း ၄ ကီလိုထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ရွှေတိုး(၃၈)နှစ်၊ သောင်းစိန်(ခ)မြသောင်း(၅၂)နှစ်၊ မိုးမင်းဝင်း(ခ)မိုးမင်း(၄၅)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ