နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်ကျစရိတ်ကြီးမြင့်မှုပြည်ပမှ ပစ္စည်းများ ဝင်လာမှုတို့ကြောင့် ပန်းပဲလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာ

ရန်ကုန်၊ မတ် ၇


မြန်မာ့ ပန်း ၁၀ မျိုး အတတ်ပညာများထဲတွင် ပန်းပဲလုပ်ငန်း သည် ရှေး မြန်မာမင်းလက်ထက်က စတင်၍ ရိုးရာလုပ်ငန်းတစ်ခု ဖြစ်သော်လည်း ယခုလက်ရှိ ၂၁ ရာစုခေတ်တွင် နည်းပညာတွေဖွံ့ဖြိုးမှု နဲ့အတူ အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်ပစ္စည်းများ ဝင်ရောက်လာ သည့်အတွက် ပြည်တွင်းရှိ ပန်းပဲလုပ်ငန်းသုံး ပစ္စည်းများကို သုံးစွဲသူ နည်းပါးလာပြီး လုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်လာသည်။ 


ရန်ကုန်တိုင်းဒေသကြီးတွင် ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ နည်းပါး လာပြီး ပန်းပဲလုပ်ငန်းအများအပြား ထုတ်လုပ်သည့် စစ်ကိုင်း၊ မြို့သစ်မြို့နယ်တို့၌ပင် လုပ်ကိုင်သူ နည်းပါးလာကြောင်း သိရသည်။


"မြို့သစ်မြို့ပေါ်မှာဆို အရင်က ပန်းပဲဖိုလုပ်ငန်း  ခုနစ်ခု လောက် ရှိတယ်။ ကတ်ကြေးတို့ ကိုင်းရမ်းဓားတို့ ထုတ်တဲ့နေရာမှာ နာမည်ကျော်ခဲ့တယ်။ တစ်လက်ဆို တစ်လက်ခိုင်ခံ့အောင် ပြုလုပ်ပြီး အာမခံနဲ့ရောင်းချပေးတယ်။  အခုနောက်ပိုင်း ဈေးကွက်ထဲ ပြည်ပပစ္စည်းတွေ  ဝင်လာတော့ ပြည်တွင်းပစ္စည်းကို သုံးစွဲသူ နည်းလာတယ်။ ဈေးကွက်အရ အဆင်မပြေတော့ဘူး"လို့ ပန်းပဲ လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။ 


ယခင်ကာလများတွင် ပန်းပဲလုပ်ငန်းမှ ထုတ်လုပ်သည့် ကွမ်းညှပ်၊ ကတ်ကြေး၊ လိုင်း၊ တံစဉ်၊ တူရွင်း၊ ပေါက်ပြား၊ ဂေါ်ပြား၊ ဆောက်သွား၊ ရေပေါ်သွား၊ တူ များ ထုတ်လုပ်သည့်အပြင် လယ်ယာသုံး ထယ်သွား၊ ထွန်သွားများ ထုတ်လုပ်ခဲ့သည်။ 


လက်ရှိကာလတွင် ထင်း မီးသွေး ဈေးကြီးမှုကြောင့် ပန်းပဲ လုပ်သားများရှားပါးလာခြင်းနှင့် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် သံထည်ပစ္စည်းများကို ဈေးပေါပေါနှင့် ဝယ်ယူအသုံးပြုနိုင်ခြင်း ကြောင့် ပန်းပဲဖိုလုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်လာကာ တဖြည်း ဖြည်း ပျောက်ကွယ်သွားနိုင်ကြောင်း ပန်းပဲလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။                                            AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ