နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုရင့်နောင်လမ်းမကြီး သန့်ရှင်းသာယာရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကြည့်ရှုစစ်ဆေး

ရန်ကုန်  မတ်  ၇


ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ ကော်မတီ ဝင်များ၊ ဌာနမှူးများနှင့် သက် ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ  လျက် ယနေ့ နံနက်ပိုင်းက ဘုရင့်နောင်လမ်းမကြီး တစ် လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် လှိုင်မြို့နယ်၊ ၁၅ ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်း ထောင့်ရှိ သမိုင်းချောင်းသို့ စီး ဝင်သည့် ရေမြောင်းအတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူ ရှင်းလင်းနေမှု၊ ဘုရင့်နောင် လမ်းတစ်လျှောက် သန့်ရှင်း သာယာသပ်ရပ်စေရေး မြက်ပင် ချုံနွယ်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုနှင့် လှိုင် မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် အကြား သမိုင်းချောင်းအတွင်း အမှိုက်များ၊ သဲမြေများ ဆယ်ယူ ရှင်းလင်းနေမှု၊ ချောင်းစပ် တစ် လျှောက် မြက်ပင် ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘုရင့်နောင် တံတားအတက်နေရာ ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသည့် အပင်များ ရှင်းလင်းရန်နှင့် လူသွားစင်္ကြံ မြေကျွံနေသည့် နေရာများ ပြုပြင်ရန် မှာကြား သည်။


အဆိုပါချောင်းသည် မရမ်း ကုန်းမြို့နယ်၊ ၆ ရပ်ကွက်မှ စီးဝင်၍ လှိုင်မြို့နယ်၊ ၃ ရပ် ကွက်၊ ၂ ရပ်ကွက်၊ ၁ ရပ်ကွက် များကို ဖြတ်သန်းစီးဆင်းပြီး လှိုင်မြစ်အတွင်းသို့ ဆက်လက် စီးဆင်းလျက်ရှိသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်အကြား အရှည် ၉၂၀၀ ပေရှိ ရိုးကြီးချောင်းသို့ သွား ရောက်၍ ချောင်းစပ်တစ်လျှောက် သန့်ရှင်းသာယာရေး လုပ်ငန်း များ ဆောင်ရွက်နေမှုနှင့် ရေစီး ရေလာ ကောင်းမွန်စေရေးအမှိုက် များ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ချောင်းသို့ ဝင်ရောက်သည့် ရေဝင်ပေါက် မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်း ရန် မှာကြားသည်။


အဆိုပါချောင်းသည် အထက် ဗဟိုလမ်းမှ စီးဝင်၍ မြို့သစ် (က)၊ (ခ) ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းပြီး လှိုင်မြစ် အတွင်းသို့ စီးဝင်လျက်ရှိသည်။


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး တစ် လျှောက် သန့်ရှင်းသာယာသပ်ရပ် စေရေး သစ်ပင်များ၊အုပ်မိုးကိုင်း များ ခုတ်ထွင်ရှင်းလင်းနေမှုနှင့် မြို့သစ် (က)၊ (ခ) ရပ်ကွက်၊ ပိတောက်လမ်း မှတ်တိုင်အနီး စိမ်းလန်းစိုပြည်ရေး လုပ်ငန်း များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မှတ်တိုင် တွင် အစိုးရဆန့်ကျင်စာများကို ဖျက်၍ မှတ်တိုင်ကို သန့်ရှင်း သာယာရေးလုပ်ငန်းများ ဆောင် ရွက်ရန် မှာကြားသည်။


ယင်းနောက် မြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၈ နာရီ တွင် အင်းစိန်မြို့နယ်၊ ကွက်သစ် ရပ်ကွက်၊ ကသွယ်ချောင်းသို့ သွားရောက်၍ ချောင်းအတွင်း အမှိုက်၊ နုန်းနှင့် သဲမြေများ အား ဆယ်ယူရှင်းလင်းနေမှု ကို ကြည့်ရှုစစ်ဆေးပြီး ချောင်းတစ်လျှောက် သန့်ရှင်း သာယာရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဘုရင့်နောင် လမ်းဖြတ် Culvert အဝင်နေရာ မြေထိန်း နံရံပြုလုပ်ရန် မှာကြား သည်။


အဆိုပါချောင်းသည် တောင်သူ ကုန်း၊ ရွာမအရှေ့၊ ဈေးကုန်း အရှေ့၊ ဈေးကုန်းအနောက်၊ ကွက်သစ်နှင့် ကမ်းနားအလယ် ရပ်ကွက်များကို ဖြတ်သန်းစီးဆင်း ပြီး လှိုင်မြစ်အတွင်းသို့ ဆက် လက် စီးဆင်းလျက်ရှိသည်။


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ဘုရင့်နောင်လမ်းမ ကြီးတစ်လျှောက် လမ်းလယ် တုံးများ၊ လမ်းများ ရေဆေးခြင်း၊ လမ်းတစ်လျှောက် အမှိုက်များ သိမ်းဆည်းခြင်း ဆောင်ရွက်နေ မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးရှိ အမြင်မတင့်တယ် သော မြေစာပုံများ၊ ကျောက်ခဲ များကို ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ရွာမအလယ်ရပ်ကွက် အကျဉ်းဦးစီးဌာန အုတ်တံတိုင်း နှင့် ဘုရင့်နောင်လမ်းအကြား မြက်များရှင်းလင်းခြင်း၊ မြေညှိ ခြင်း၊ ရွာမချောင်းသို့ စီးဝင် သည့် ရေမြောင်းတူးဖော်ခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လူသွားစင်္ကြံစက်ဘီး လမ်း ပြုလုပ်နိုင်ရေး လမ်းချဲ့ ရန်၊ အုတ်စီရေမြောင်းပြုလုပ် ရန်နှင့် မြို့ပတ်လမ်းထိပ် ဓာတ်အားလိုင်း မလွတ်ကင်း သည့် အပင်များ ရှင်းလင်းရန် မှာကြားသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် အောက်မင်္ဂလာဒုံ လမ်းသို့ သွားရောက်၍ လမ်း တစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်စေရေး၊ စိမ်းလန်းစိုပြည် စေရေးလုပ်ငန်းများ ဆောင်ရွက် ရန်နှင့် လမ်းဘေးတွင် ယာဉ် များ စည်းကမ်းမဲ့ ရပ်နားထားမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက် သွားရန် သက်ဆိုင်ရာ ဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

သတင်း-သွင်မောင်မောင်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ