နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေဈေးမြင့်တက်မှုနှင့်အတူ လက်ဝတ်ရတနာဈေးကွက်အတွင်း ပြန်လည်ရောင်းချ သူများပြားလာလျက်ရှိ

ရန်ကုန် မတ် ၂ 


ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးသည် ယခုရက်ပိုင်း အတွင်း မြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားကြသည်။ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ခင်းအဖွင့် ဈေးသည်ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၉၂၈ ရှိခဲ့ပြီး ပြည်တွင်း ရွှေဈေးကွက်၏အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ကျပ်ငွေ ၁၉ သိန်း ၄ သောင်းဝန်းကျင်အထိရှိလာသည်။


ဈေးနှုန်းမြင့်တက်ခြင်းနှင့်အတူ ရောင်းလိုအားများလျက်ရှိပြီးလက်ကားဈေးကွက်အပြင် ၊ လက်ဝတ်ရတနာ ဈေးကွက်များတွင်ရောင်းချလိုသူမျာပြားလျက်ရှိကြောင်း သိရှိရသည်။ “အဓိက ကတော့ စီးပွားရေအခြေအနေနဲ့ ဒီလို ဈေးမြင့်နေချိန်မှာ ဝယ်အားထက်ရှိတာကိုထုခွဲ ရောင်းချလာတွေကလည်းများလာလို့ရောင်းလိုအားများလာတဲ့သဘောပါ။ ရှိတဲ့လက်ဝတ်ရတနာပစ္စည်းတွေကို ထုခွဲရောင်းချမှုတွေ များလာတယ်” ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း






အခြားဆက်စပ်သတင်းများ