နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား နှင့် ငွေကြေးဆက်နွယ်မှုများ ဖြတ်တောက်ရန် အမေရိကန် ကြိုးပမ်းမည်

 ဝါရှင်တန်၊  မတ်  ၂


အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး ဌာနအနေဖြင့် ရုရှားဗဟိုဘဏ်ကို နိုင်ငံတကာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ဘဏ်များနှင့် ဆက်ဆံမှု ဖြတ်တောက်မည် ဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်ကတစ်ဆင့် ပြောကြား သည်။ 


ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သမ္မတပူတင်အစိုးရအတွက် အကြီး အကျယ်ရိုက်ခတ်မှု ရှိလာစေမည်ဖြစ် ကြောင်း ကန်အစိုးရအဖွဲ့အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ 


ရုရှားဘဏ်အနေဖြင့် အမေရိကန် ဒေါ်လာ ဘီလီယံ ၆၃၀ ခန့်ကိုချုပ်ကိုင် ထားနိုင်ကြောင်း အိမ်ဖြူတော်အရာ ရှိများက ခန့်မှန်းထားပြီး ရုရှားဘဏ် ကမူ ရုရှားစီးပွားရေးနှင့် ငွေကြေးပြန် ခိုင်မာလာစေရန် ယင်းငွေများကို ရုရှား သို့မဟုတ် ယင်းတို့၏ထိန်းချုပ်နိုင်သည့် နေရာများသို့ ပြောင်းယူရန် ကြိုးစားနေ သည်။


ယူကရိန်းကို ဝင်ရောက်တိုက်ခိုက် သည့် ရုရှားအပေါ် နိုင်ငံအများအပြားမှ အရေးယူ ဒဏ်ခတ်လျက်ရှိနေပြီး ဗြိတိန်အစိုးရကလည်း ဗြိတိန်နိုင်ငံ တွင်းရှိ ကုမ္ပဏီများကို ရုရှားဗဟိုဘဏ် မှတစ်ဆင့် ငွေအလွှဲအပြောင်း လုပ်ခွင့် ပိတ်ပင်လိုက်သည်။


လက်ရှိတွင် ဥရောပကော်မရှင်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့သည် အချင်းချင်း ပူးပေါင်း သည့်အနေဖြင့် ရုရှားအပေါ် ငွေကြေး ဆိုင်ရာဖြတ်တောက်မှုများ လုပ်ဆောင် နေကြသည်။                 (ref: Reuters)






အခြားဆက်စပ်သတင်းများ