နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညှိနှိုင်းဆွေးနွေးမှုအပြီး ရုရှားမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်

   ကီယက်ဗ်၊  မတ်  ၂


လက်ရှိဖြစ်နေသည့်စစ်ပွဲကို အဆုံး သတ်ရန်ရည်ရွယ်သည့် ညှိနှိုင်းဆွေး နွေးမှုများ လုပ်ဆောင်အပြီးရုရှားဘက် မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေ ကြောင်း ယူကရိန်းသမ္မတဇာလန်စကီး က ပြောကြားသည်။


ဘယ်လာရုစ်နယ်စပ်တွင် ပြုလုပ် သည့် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေး နွေးပွဲအပြီးတွင် ရုရှားက ယူကရိန်း ပိုင်နက်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတဇာ လန်စကီးက ပြောသည်။


ရုရှားဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းကြောင့် နိုင်ငံ၏ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် ခါကိဗ်မြို့တွင် အရပ်သားများ ဒါဇင်ချီသေဆုံးခဲ့ပြီးမြို့ တော်ကီယက်ဗ်တွင်လည်း လေကြောင်း တိုက်ခိုက်မှု အချက်ပေးဥဩသံများ ကြားနေရကြောင်း သိရသည်။ 


နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများလုပ် နေစဉ်တွင် တစ်ဖက်က ပစ်လိုက်သည့် ဒုံးကျည်များသည် တခြားတစ်ဖက်ကို မထိမှန်မှသာ မျှတသောစေ့စပ်ညှိနှိုင်း မှုများဖြစ်လာနိုင်ကြောင်း သမ္မတဇာ လန်စကီးက ဆိုသည်။


လက်ရှိဖြစ်နေသည့် တိုက်ပွဲများ အဆုံးသတ်နိုင်ရေးအတွက် ရုရှားနှင့် ယူကရိန်းကြား ယခုရက်အတွင်း ပြုလုပ် ခဲ့သည့် ပထမအဆင့် ဆွေးနွေးပွဲသည် မည်သည့်သဘောတူညီချက်မျှ မရဘဲ ပြီးဆုံးသွားကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ