နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ တစ်နှစ် နီးပါးခံစားရနိုင်

  ဗန်ကောက်၊  မတ်  ၂


ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာများ ကိုတစ်နှစ်နီးပါးအထိ ခံစားရနိုင်ခြင်း ကြောင့် မိမိကိုယ်ကို ကာကွယ်ကြရန် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် မှဆေးပညာရှင်တစ်ဦးက သတိပေး လိုက်သည်။


ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ များအနေဖြင့် လုံးဝကူးစက်ဖူးခြင်း မရှိသူများထက် မောပန်းနွမ်းနယ်မှု များပိုမိုခံစားရနိုင်ကြောင်း လူပေါင်း ၇၃,၇၂၇ ယောက်ကို သုတေသန ပြုလေ့လာထားသော တွေ့ရှိချက် အပေါ်ကိုးကား၍ ချူလာလောင်ကွန် တက္ကသိုလ်၊ ဆေးပညာဌာန ကထိက သီရာဝေါ်ရီနရတ်က ပြောသည်။


အခြားသော နောက်ဆက်တွဲရောဂါ လက္ခဏာများမှာ အသက်ရှူမဝခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ဦးနှောက်ထိုင်း မှိုင်းခြင်း၊ အိပ်မပျော်ခြင်း၊ ရင်တုန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊  စိုးရိမ်သောကများ ခြင်းစသည့် လက္ခဏာများလည်းပါဝင် နေကြောင်း သိရသည်။


ထို့ကြောင့် မိမိကိုယ်ကို ကာကွယ် နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လူမှုအလှမ်းခွာ စည်းမျဉ်းစည်းကမ်း နှင့်နေထိုင်ခြင်း၊ အခြားသူများနှင့် စားသောက်ဝိုင်းဖွဲ့ခြင်းများ ဆင်ခြင် ရှောင်ရှားနိုင်ရန်  အရေးအကြီးဆုံးဖြစ် ကြောင်း သီရာကပြောသည်။


လတ်တလောတွင် ထိုင်းနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ယှဉ်လျှင် ကိုဗစ် -၁၉ ရောဂါကူးစက်မှုနှုန်း နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ပြီးခဲ့သည့်သီတင်း ပတ်တွင် နိုင်ငံတစ်ဝန်း ရောဂါကူးစက် မှုနှုန်းသည် ၃၁ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး သေဆုံးနှုန်းမှာ ၄၀ ရာခိုင်နှုန်း ထိ မြင့်တက်လာကြောင်း သိရသည်။

(ref:BangkokPost)






အခြားဆက်စပ်သတင်းများ