နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင် လော့ခ်ဒေါင်း ကောလာဟလကြောင့် စားစရာပစ္စည်းများ အလုအယက်ဝယ်ယူ

   ဟောင်ကောင်၊  မတ်  ၂


ဟောင်ကောင်တွင် အိုမီခရွန်ကူး စက်မှုထိန်းချုပ်ရေးအတွက် ဒေသ အာဏာပိုင်များ၏  လော့ခ်ဒေါင်း ကြေညာချက်ကို စိုးရိမ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စားစရာများကို အလုအယက် ဝယ်ယူနေကြကြောင်း သိရသည်။  


ယင်းသို့ စားစရာအများအပြား ဝယ်ယူမှုကြောင့် ဟောင်ကောင်ဒေသ တွင်းစူပါမားကက်တစ်ခုတွင် မတ်လ အစပိုင်းရက်၌ ပစ္စည်းများပြတ်လပ် သွားသည်အထိ ဖြစ်ပေါ်နေသည်။  


ဒေသတွင်းရှိ ဥပဒေပြုအမတ်များ အနေဖြင့် တစ်ပတ် သို့မဟုတ် တစ်ပတ် ထက်ကြာမြင့်သည့် လော့ခ်ဒေါင်းကန့် သတ်ချက်ချမှတ်ရန် ပြင်ဆင်နေသည် ဆိုသောသတင်းများ ထွက်ပေါ်လာပြီး နောက် စားစရာအလုအယက် ဝယ်ယူမှု များဖြစ်ပေါ်နေပြီး ဟောင်ကောင် ဥပဒေ ပြုကောင်စီကမူ လော့ခ်ဒေါင်းချရန် လုပ်ဆောင်နေခြင်း မရှိသလို   သက်ဆိုင် ရာ ကော်မတီများနှင့်  ဆွေးနွေးသုံးသပ် နေခြင်းမျိုးလည်း မရှိကြောင်း ပြန်လည် ရှင်းလင်းထားသည်။


သို့ရာတွင် ဟောင်ကောင်ကျန်းမာ ရေးဌာနအကြီးအကဲ  ဆိုဖီယာချန်ကမူ မတ်လအတွင်း လုပ်ဆောင်မည့်တစ် ယောက်မကျန် ဗိုင်းရပ်စ်မဖြစ်မနေ စစ်ဆေးရေး  အဆင့်သုံးဆင့် ဖော်ဆောင် ရန်အတွက် လော့ခ်ဒေါင်း အစီအစဉ်ကို ထည့်သွင်း စဉ်းစားနေကြောင်း ပြောဆို ထားသည်။                      

(ref: Reuters)






အခြားဆက်စပ်သတင်းများ