နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယား လူငါးဦးသေဆုံးသည့် သေနတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ ကိုယ့်ကိုကိုယ် အဆုံးစီရင်

 လော့အိန်ဂျလိစ်၊  မတ်  ၂


ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ရက် က ကယ်လီဖိုးနီးယား၌ ဖြစ်ပွားခဲ့သော လူငါးဦးသေဆုံးခဲ့သည့် သေနတ်ပစ်ခတ် မှုဖြစ်စဉ်တွင် ကျူးလွန်သည့် အမျိုးသား မှာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း မတ် ၁ ရက်တွင် ဒေသအာဏာပိုင်များက ထုတ်ပြန်သည်။


အဆိုပါအမျိုးသားသည် ကယ်လီ ဖိုးနီးယား၊ Sacramento မြို့ရှိဘုရား ကျောင်းတွင်သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် လူငါးဦးသေဆုံး သွားပြီး ယင်းတို့ထဲတွင် ကလေးငယ် သုံးဦးလည်း ပါဝင်ခဲ့ကြောင်း၊ ပစ်ခတ် မှုဖြစ်ပွားပြီးနောက် ရဲများသွားရောက် စဉ် သေနတ်သမားသည် မိမိကိုယ်ကို အဆုံးစီရင်ပြီးဖြစ်ကြောင်း သိရသည်။


အသတ်ခံရသော ကလေးငယ် သုံးဦး လုံးမှာ အသက် ၁၅ နှစ်အောက်အရွယ် များဖြစ်ပြီး သေဆုံးသူများနှင့်သေနတ် သမားအကြား ပတ်သက်ဆက်နွှယ်မှု ကို ရှင်းရှင်းလင်းလင်း မသိရှိရသေး ကြောင်းနှင့် သေဆုံးသူငါးဦးမှာမူ တစ် ဦးနှင့်တစ်ဦး သိကျွမ်းကြကြောင်း ရဲ တပ်ဖွဲ့က ထုတ်ပြန်သည်။


သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ် ရေးမှူး Gavin Newsom က အမေရိ ကန်တွင် မိုက်မဲလွန်းသည့် သေနတ် အကြမ်းဖက်မှုများသည် အလွန်စိတ် ပျက်စရာကောင်းကြောင်း ယင်း၏တွစ် တာအကောင့်မှတစ်ဆင့် ရေးသားဖော် ပြသည်။                           

(ref: BBC)






အခြားဆက်စပ်သတင်းများ