နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေအောက်ကေဘယ်ကြိုး မသမာသူများ ဖြုတ်ခိုးရန် ကြံစည်

ရန်ကုန် မတ် ၂ 


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 66kV သာကေတ-သီတာ ၂ ဓာတ်အားလိုင်း၏ Under Ground Cable ဓာတ်ကြိုးကို မသမာသူများက ဖြတ်တောက်ခိုးယူရန် လုပ်ဆောင်ခဲ့မှုကြောင့် 66kV သာကေတ-သီတာ ၂ ဓာတ်အားလိုင်းသည် ယမန်နေ့ ၉နာရီခွဲ ခန့်က မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။


မသမာသူများက ဖြတ်တောက်ခိုးယူရန် လုပ်ဆောင်ခဲ့၍ ပျက်စီးချို့ယွင်းသွားသော မြေအောက်ဓာတ်ကြိုးနေရာကိုရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြေအောက်ဓာတ်ကြိုး ဌာနနှင့်မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ရုံး ဝန်ထမ်းများက အလျင်အမြန် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးကြီး နေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့နံနက်ပိုင်းတွင်အသိပေးထုတ်ပြန်ထား သည်။

CN-014






အခြားဆက်စပ်သတင်းများ