နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ကျွဲ၊ နွားများ ကူးစက်ရောဂါကာကွယ်ရေး စီမံချက်ချမှတ်ဆောင်ရွက်နေ

ရန်ကုန်၊ မတ်  ၁


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျွဲ၊နွားများ ကူးစက်ရောဂါ မဖြစ်ပွားစေရန် တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။


"ကျွန်တော်တို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ ကျွဲ၊ နွားတွေမှာဖြစ်တတ်တဲ့ လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ခွာနာလျှာနာရောဂါ၊ ခြေပုတ်လက်ပုတ်ရောဂါကာကွယ်ဆေးတွေကို တိုင်းဒေသကြီး၊မြို့နယ်၊ကျေးရွာများအလိုက် ကာကွယ်ဆေးထိုးပေးနေပါတယ်၊ရောဂါထိန်းချုပ်ရေးအတွက် သံသယဖြစ်ဖွယ် နေရာတွေကိုကွင်းဆင်းစစ်ဆေးပြီး တွေရှိချက်နမူနာတွေကို အချိန် နဲ့တစ်ပြေးညီ ဓာတ်ခွဲစစ်ဆေးပါတယ်၊ ကျွဲ၊ နွားမွေးမြူသူတွေအတွက် မြို့နယ်၊ကျေးရွာတွေမှာ ရောဂါကာကွယ်ရေးပညာပေးလုပ်ငန်း တွေကို ဟောပြောပို့ချနေပါတယ်။ မွေးမြူရေး တောင်သူတွေအနေနဲ့  ကျွန်တော်တို့ ဌာနက ကာကွယ်ဆေး လိုက်လံထိုးနှံပေးတဲ့အခါ မှာလည်း ပူးပေါင်းပါဝင်ပေးကြပါ။ ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်လို့ပါ"ဟု တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန ဒုတိယတိုင်း ဦးစီးမှူး ဒေါက်တာ မင်းညွန့်ဦးက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသနွားမွေးမြူသည့် ခြံ ၅၆ ခြံ၊ နွားအကောင်ရေ ၃၈၆၈ကောင်၊နို့စားနွားခြံ ၂၇၀ ခြံ နို့စားနွား အကောင်ရေ ၁၂၅၆၈ ကောင်၊ အသားစားနွားခြံ ၃၇ ခြံ၊ အသားစား နွား ၁၈၃၀ ကောင်နှင့်ကျွဲခြံပေါင်း ၅၆ ခြံ၊ ကျွဲအကောင်ရေ ၁၈၃၀ ကောင်ရှိရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နွားမျိုးကောင်းမျိုးသန့် များရရှိစေရန်မေထုန်မဲ့ သားစပ်နိုင်စေရေးအတွက် မျိုးရည်ခဲချောင်း များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည့်အပြင် မင်္ဂလာဒုံမြို့နယ်ရှိ          ပျဉ်းမပင်နို့စားနွားမွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံတွင် နို့စားနွား မွေးမြူရေးဆိုင်ရာပညာရပ်များကို စာတွေ့လက်တွေလေ့လာနိုင်စေ ရန်၊ သုတေသနလုပ်ငန်းများဆောင်ရွက်ရန် တိရစ္ဆာန်အစာစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းဖွံ့ဖြိုးလာစေရန်၊ ဒေသနှင့်ကိုက်ညီသော နို့စားနွား မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်စေရန် ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။          နန္ဒာဆွေ






အခြားဆက်စပ်သတင်းများ