နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာဒစ်ကိုအနိုင်ရပြီး လီဗာပူးလ်အသင်း နောက်တစ်ဆင့်တက်

ဖေဖော်ဝါရီ   ၇


FA ဖလား စတုတ္ထအဆင့်၏ ပွဲစဉ်တစ်ပွဲအဖြစ် လီဗာပူးလ် အသင်းနှင့် ကာဒစ်အသင်းတို့ ယမန်နေ့ ညပိုင်းက အန်ဖီးလ် ကွင်း၌ ယှဉ်ပြိုင်ကစားရာ လီဗာပူးလ်အသင်းက ကာဒစ် အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ကြောင်းသိရသည်။ အဆိုပါပွဲစဉ်တွင် ကာဒစ်အသင်း က အဓိက ကစားသမားအစုံ အလင်ဖြင့် ပွဲထွက်လာပြီးနည်းပြ ကလော့ပ်၏ လီဗာပူးလ်အသင်း ကလည်း အတောင့်တင်းဆုံး လူ စာရင်းဖြင့် ပွဲထွက်လာသည်။


ပထမပိုင်းတွင် လီဗာပူးလ် အသင်း ဂိုးကန်သွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းနေမှုကြောင့် ဂိုးမရရှိ ခဲ့သလို ကာဒစ်အသင်းကလည်း လီဗာပူးလ်အသင်း၏ တိုက်စစ် ကို ကာကွယ်ရင်း အချိန်ကုန် နေခြင်းကြောင့် ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။


ဒုတိယပိုင်း ပွဲချိန် ၅၃ မိနစ် တွင် အလက်ဇန္ဒားအာနိုးလ်၏ ဖြတ်တင်ပေးမှုက တစ်ဆင့် တိုက်စစ်မှူး ဒီယေဂိုဂျိုတာ က ခေါင်းတိုက်ပြီး လီဗာပူးလ် အသင်းအတွက် အဖွင့်ဂိုးသွင်းယူ ခဲ့သည်။ အဖွင့်ဂိုးရရှိပြီးနောက် ပိုင်း လီဗာပူးလ်အသင်းကသာ ဆက်လက် ဖိအားပေးခဲ့ပြီး ကာဒစ်အသင်းအနေဖြင့် ခံစစ် ပုံစံဖြင့်သာ ယှည်ပြိုင်ကစားခဲ့ရ ပြီး ဂိုးကန်သွင်းခွင့်လည်း မရှိ သလောက် နည်းပါးခဲ့သည်။


လီဗာပူးလ် အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၆၈ မိနစ်တွင် မီနာမီနိုနှင့် ၇၆ မိနစ် တွင် ဒဏ်ရာက ပြန်လည် သက်သာလာသည့် လူငယ် ကစားသမား အီလီယက်က သွင်းယူပေးခဲ့ပြီး ကာဒစ်အသင်း အတွက် တစ်လုံးတည်းသော ဂိုးကို ပွဲချိန် ၈၀ မိနစ်တွင် ကော်ဝဲလ်က သွင်းယူခဲ့သည်။


FA ဖလား စတုတ္ထအဆင့်၏ အခြားပွဲစဉ်တွင် စပါးအသင်းက ဘရိုက်တန်အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။                      (သူရိန်)






အခြားဆက်စပ်သတင်းများ